ဦးအငဲဆိုရင် လူကြီး၊ လူငယ်မသိသူမရှိ မကြိုက်သူမရှိအောင် မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ အပြင်းစားရော့ခ်ဂီတ အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ အနုပညာဂီတလောကမှာ ယနေ့ထက်တိုင် အောင်မြင်မှုအထွဋ်အထိပ်မှာ ရပ်တည်နေတဲ့ ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Iron Cross ရဲ့ပင်တိုင်အဖွဲ့ဝင်တစ်ဦးပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း သီချင်းတွေသီဆိုသလို၊ သီချင်းကောင်းမြောက်များစွာကို ဖန်တီးရေးဖွဲ့တတ်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်ဖြစ်ပြီး ဦးအငဲရဲ့သီချင်းတိုင်းက နားဆင်သူတွေရဲ့ရင်ထဲကို ဟက်ထိအောင်ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကြောင့် ခိုင်မာတဲ့ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။
သိပ်မကြာခင်ရက်ပိုင်းမှာတော့ အငဲရဲ့သမီးဖြစ်သူမှ အဖေနဲ့အမေတို့နှစ်ယောက်ကြည်နူးနေကြတဲ့ ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ မွေးနေ့မှာနှစ်ယောက်သားအကြင်နာအကြည့်တွေနဲ့ ပြုံးရွှင်ပျော်မြူးနေတဲ့ပုံလေးတွေကို သမီးဖြစ်သူကတင်ရင်း အမေ့အတွက်ပါ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားတာပဲဖြစ်ပါတယ်။
သမီးဖြစ်သူရေးသားထားတာကတော့ “နင့်အဖေနဲ့ ရန်ဖြစ်နေတုံးက Facebook ပေါ် မှာ တအားတွေကြိမ်းဝါးပြောဆိုထားတာ.. ခု ပြန်လဲတည့်သွားတော့ ပုံတွေတင်ပြီးပျော်ပါးနေတာ သူများမြင်ရင် အမြင်ကပ်မှာစိုးလို့ မတင်ဘူးတဲ့… ကိုယ်ကတော့ ဒီနေ့ အဲ့ပုံလေးတွေ ရိုက်လာပြီး ရိုးရှင်းတဲ့ချစ်ခြင်းမေတ္တာလေးတွေ ခံစားရလို့ မတင်ရဘဲမနေနိုင်လို့တင်လိုက်ပြီ သူတို့၂ယောက်အကြောင်းသိတဲ့သူတွေလဲ ထပ်တူခံစားရမယ်လို့ထင်ပါတယ် ❤
"အမေ့ရဲ့ ၅၃နှစ်ပြည့်မွေးနေ့ဟာ ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ခဲ့တယ်ဆိုတာ ဒီပုံတွေကသက်သေပါပဲ
အဲ့လိုလေးပဲ တစ်သက်လုံးပျော်ရွှင်ပါစေ အမေ…. မှတ်ချက်-ဇရာသာအိုမယ် အကြင်နာတွေမအိုတာ လူတိုင်းသိအောင် Effect တွေ မထည့်ဘဲ အော်ရီဂျင်နယ် ပုံတိုင်းပဲတင်လိုက်ရပါကြောင်း” ဆိုကာ ပျော်ရွှင်နေတဲ့ မိဘနှစ်ပါးကိုမြင်ရတဲ့ သမီးတစ်ယောက်ရဲ့ခံစားချက်လေးတွေကိုပါ ရေးသားဖော်ပြသွားခဲ့ပါတယ်။
ချစ်သူရည်းစားဖြစ်ကာစ အကြင်နာအကြည့်တွေအပြည့်နဲ့ ကြည့်မ၀ဖြစ်နေသလို ပြုံးပြုံးကြီးနဲ့ဇနီးဖြစ်သူကို ကြည့်နေတဲ့ ဦးအငဲအကြည့်တွေက မြင်ရသူတိုင်းကိုစိတ်ချမ်းသာစေခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဇရာတွေသာအိုလာပေမယ့် အကြင်နာတွေမအိုကြသေးပဲ ချစ်မြဲချစ်နေကြဆဲ ဦးအငဲတို့ဇနီးမောင်နှံရဲ့ ကြည့်နူးစရာပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
comment