1. Home
  2. Movie Stars - Celebrity

သတ္တိရှိရှိနဲ့ စိန်ခေါ်လိုက်တဲ့ Challenge လေးရှုံးသွားလို့ အိုးမည်းသုတ်ပြခဲ့ရတဲ့ စိုးပြည့်သဇင်

Movie Stars - Celebrity ม.ค. 23, 2562 view 1,831

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးစိုးပြည့်သဇင်ကတော့ ပရိသတ်တွေတိုင်းသဲသဲလှုပ်ချစ်ရတဲ့ အချစ်တော်မင်းသမီးလေးတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်လေးထဲက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အကယ်ဒမီဆုကိုရရှိပိုင်ဆိုင်ထားသူလေးလဲ ဖြစ်ပါတယ်။ ဂယက်ထစေတဲ့ သတင်းဆိုးတွေမကြားရပဲ ငြိမ်ငြိမ်သက်သက်နဲ့ အမြင်အေးအောင်ရိုးရှင်းစွာလှပလွန်းသူလေးဖြစ်တာမို့ ယောကျာ်းထုကြီးသာမက မိန်းမထုကြီးကပါ အခိုင်အမာအားပေးဝန်းရံထားသူလေးဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း တော်သလို အဆိုပိုင်းမှာလည်း မခေသူလေးဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ ရုပ်ရှင်တွေရိုက်ရင်း နယ်ရှိုးတွေမှာပါ အောင်အောင်မြင်မြင် လိုက်လံဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာဆိုရင် လတ်တလောမှာ အွန်လိုင်းပေါ်မှာခေတ်စားနေတဲ့ အမျိုးမျိုးသော Challenge တွေထဲက တစ်ခုကို အပျော်သဘောနဲ့ ပရိသတ်တွေကိုစိန်ခေါ်ခဲ့ပါတယ်။ သူမ Challenge ခေါ်ထားတဲ့ ပို့စ်လေးမှာ Like 10k နဲ့ Comment 40k ရရင်မျက်နှာတစ်ခုလုံးကို အိုးမည်းသုတ်ပြမယ်ဆိုပြီး သတ္တိရှိရှိနဲ့ စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကလည်း စိုးပြည့်ရဲ့ စိန်ခေါ်မှုလေးကို လက်ခံကာ Like တွေ Comment တွေအပြိုင်အဆိုင်ပေးခဲ့ကြရာ နာရီပိုင်းအတွင်းမှာ သတ်မှတ်ထားတဲ့ အတိုင်းအတာပြည့်သွားခဲ့ပါတယ်။ ပရိသတ်တွေကိုစိန်ခေါ်ပြီးပြုလုပ်ခဲ့တဲ့ Challenge မှာ သူမရှုံးခဲ့တာကြောင့် သူမရဲ့ကတိအတိုင်း မျက်နှာတစ်ခုလုံးကို အိုးမည်းသုတ်ထားတဲ့ပုံလေးကို လှုမှုကွန်ယက်ပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။

“၂၄နာရီလို့ပြောထားပေမဲ့.....မေတ္တာစေတနာတွေထားပြီး...like 10kကျော်အောင်...comments 40kကျော်အောင်ကြိုးစားပေးကြတာကျေးဇူးနော်… မေတ္တာတရားရှေ့ထားပြီးရှဲပေးကြသူတွေလည်းကျေးဇူးဘဲ.... မန့်တွေမပြည့်မှာစိုးလို့အဖက်ဖက်ကကူညီပံ့ပိုးပေးကြပါသော....လူရင်းများရော....ဖန်အရင်းခေါက်ခေါက်များရော...... မန်းရှင်းအပြုံလိုက်ခေါ်မန့်ပေးရှာသော....ပရိသတ်များ.... လမ်းကြုံမန့်သွားရှာသော.....ကူညီတတ်သူကျေးဇူးရှင်အပေါင်းကိုလည်းကျေးဇူးတင်ပါတယ်နော်.. အကယ်ဒမီရတုန်းကတောင်ကျေးဇူးတင်စကားဒီလောက်မပြောလိုက်ရဘူး” ဆိုကာ ကျေးဇူးတင်စကားလေးတောင် ဆိုထားလိုက်ပါသေးတယ်။ အိုးမည်းသုတ်ထားတာတောင် ချစ်စရာကောင်းနေသေးတဲ့ စိုးပြည့်ကတော့ အားလုံးရဲ့ရင်ထဲက ချစ်စရာကောင်းတဲ့နတ်သမီးလေးပါပဲနော်...

 

 



Follow us on