စည်သူပလပ်ကျွတ်ကတော့ အနုပညာနယ်ပယ်မှာ သီချင်းတွေလဲ သီဆိုသလို သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲက ဟီးရိုးတွေလို မြန်မာရုပ်ရှင်လောကမှ စူပါဟီးရိုး သူရဲကောင်းကြီးအဖြစ် ရုပ်ရှင်တွေရိုက်ကူးနေသူပဲဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလည်း “ဇာမဏီအသဲနဲ့ မြန်မာပြည်ထဲက သူရဲကောင်း” ဆိုတဲ့ရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပြီး အနီရောင်စူပါဟီးရိုး သူရဲကောင်းကြီးပုံစံဝတ်စားကာ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကြောင့်ပဲ စည်သူပလပ်ကျွတ်ကို မြန်မာ့သူရဲကောင်းကြီးဆိုပြီး ပရိသတ်တွေက ခေါ်တွင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုမြန်မာ့သူရဲကောင်းကြီးက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင်လည်း တစ်မူထူးခြားစွာ ထူးထူးဆန်းဆန်းပုံစံတွေကိုမှ ၀တ်စားဆင်မြန်းလေ့ရှိသူဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းကလည်း စပိုက်ဒါမန်းဝတ်စုံကြီးဝတ်ပြီး ပွဲတစ်ခုကိုတက်ရောက်ကာ သီချင်းဆိုဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေကြား ပြောစမှတ်ဖြစ်ခဲ့ရပါသေးတယ်။ ဘယ်လိုပင် ဝေဖန်ပြောဆိုကြပါစေ စိတ်ဆိုးခြင်းအလျဉ်းမရှိပဲ ကျေးဇူးတောင်တင်လိုက်သေးတဲ့ စည်သူပလပ်ကျွတ်ကတော့ စပိုက်ဒါမန်းဝတ်စုံဝတ်ပြီး သီချင်းသီဆိုဖြစ်ခဲ့ပုံကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ဆိုပြီး ကျွန်တော် ဒီ စပိုက်ဒါမန်းဝတ်စုံကို ဂျပန်ကနေပြီးတော့ မှာထားတာပါ။ ထူးထူးဆန်းဆန်းဖြစ်သွားအောင် အမြင်လေးဆန်းသွားအောင် ကျွန်တော်ဝတ်လာတာပါ” ဆိုကာ ထိုစပိုက်ဒါမန်းဝတ်စုံလေးကို ၀တ်ချင်လွန်းလို့ ဂျပန်ကနေတောင် မှာခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။
စူပါဟီးရိုးတွေကို လွန်စွာမှကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တဲ့ စည်သူပလပ်ကျွတ်က စပိုက်ဒါမန်းဝတ်စုံအပြင် ဘတ်မန်းဝတ်စုံပါဝတ်ပြီး ဖျော်ဖြေသွားဖို့အစီအစဉ်ရှိကြောင်းကိုပါ ပြောပြသွားခဲ့ပါတယ်။ "ကျွန်တော်က ဂျပန်ကိုဒါရိုက်မှာတဲ့ ဆိုင်ပိုင်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်။ ကျွန်တော့်အနောက်မှာ ဘတ်မန်းတွေရှိမယ်။ ကျွန်တော်အကုန် နာမည်တွေတော့မပြောတော့ဘူး။ စူပါဟီးရိုးမှန်သမျှအကုန်လုံးကို ဒီဇိုင်းတစ်မျိုးစီဝတ်ပြီးတော့ ကျွန်တော်အစွမ်းကုန် ဖျော်ဖြေမှုတွေလုပ်သွားဖို့ရှိပါတယ်ဗျ” ဆိုကာ နောက်ထပ်လည်း စူပါဟီးရိုးဝတ်စုံတွေနဲ့ ထပ်ပြီးမြင်တွေ့ရဦးမှာဖြစ်ကြောင်းကို ကြိုတင်သတင်းကောင်းပါးသွားပါတယ်။
comment