1. Home
  2. Movie Stars - Celebrity

အကြမ်းစားပုံစံနဲ့ ရိုက်ကူးရေးပြုလုပ်နေမှုကို Live လွှင့်ကာပြသခဲ့တဲ့ စူးရှထက်

Movie Stars - Celebrity ม.ค. 17, 2562 view 2,421

အလန်းစားမော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ နာကျင်ဖွယ်ကောင်းတဲ့ သူမရဲ့အတိတ်ဇာတ်လမ်းတွေကို မေ့ထားကာ အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကို ပြင်းထန်စွာခံခဲ့ရပေမယ့် မျက်ကွယ်ပြုကာ သူမအတွက်အကောင်းဆုံးဖြစ်မယ့် အလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်ရင်း သူမဘ၀ကိုအကောင်းဆုံးလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။

စူးရှထက်ကတော့ သူမရတဲ့လုပ်အားခလေးနဲ့ မိဘကိုလုပ်ကိုင်ရှာကျွေးနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ စွဲမက်ဖွယ်အမိုက်စား ကောက်ကြောင်းအလှတွေကြောင့် ပုရိဿတွေကြားနာမည်ကြီးလာတဲ့ စူးရှထက်ဟာဆိုရင် လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းဗီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။

အမိုက်စားပုံစံတွေနဲ့ သီချင်းဗီဒီယိုရိုက်ကူးနေမှုကို Live လွှင့်ပြီး သူမရဲ့ဖေ့စ်ဘွတ်ကနေ ပြသခဲ့တာပဲဖြစ်ပါတယ်။ အလန်းစားဒီဇိုင်းကာလာ အနေအထားတွေနဲ့ စူးရှထက်ပါဝင်ရိုက်ကူးထားတဲ့ သီချင်းလေးထွက်လာရင်တော့ ဂယက်တွေထလာတော့မှာ အမှန်ပါပင်။ စူးရှထက်တစ်ယောက် ဘယ်လိုတွေခပ်မိုက်မိုက်သရုပ်ဆောင်ထားလဲဆိုတာ ရိုက်ကွင်းနောက်ကွယ်က သီချင်းဗီဒီယိုဖိုက်လေးကို တင်ဆက်ပေးလိုက်ပါတယ်....



Follow us on