1. Home
  2. Myanmar News

ရန်ကုန်မြို့လည်မှာ အသက်နဲ့ရင်းပြီး သန့်ရှင်းရေးလုပ်နေရတဲ့ အိမ်အကူရုပ်သံပျံ့နှံ့

Myanmar News ม.ค. 16, 2562 view 1,919
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ မြဝတီဘဏ်ဖွင့်လှစ်ထားရာ ကွန်ဒိုတိုက်ခန်း (၇)လွှာတွင် နေအိမ်အခန်း ပြင်ပရှိ ကပန်းပေါ်ထွက်ကာ သန့်ရှင်းရေး လုပ်နေသော အမျိုးသမီးငယ်၏ ရုပ်သံ ယနေ့အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်နေခဲ့ပါတယ်။
 
 
“Kyaw Min” အကောင့်ပိုင်ရှင် တင်ထားခဲ့သော ရုပ်သံတွင် အိမ်အကူမိန်းကလေးဟု ယူဆရသော မိန်းကလေးက တီရှပ်အဖြူရောင် ဘောင်းရှည်ဝတ်ဆင်လျှက် မျက်နှာမှာ နှာခေါင်းစီးတပ်ဆင်ထားကာ ခြေလွတ်လက်လွတ်ဖြင့် တိုက်ခန်းအပြင်ဘက် ကွန်ကရစ်ကပန်းပေါ်တွင် တံမြက်စည်းလှည်း အမှိုက်ကျုံးနေသည်ကို တွေ့ခဲ့ရသည်။
 
အဆိုပါတိုက်ခန်း၏ ပြင်တင်းပေါက် နှစ်ခုမှလည်း လူနှစ်ဦးကြည့်နေပြီး တစ်ဦးမှာ ခိုင်းစေသူဟု ယူဆရပြီး ကျန်တစ်ဦးမှာ အခြားအိမ်အကူဖြစ်ဟန်တူပြီး မိန်းကလေးက ကမ်းပေးသော အမှိုက်အိတ်ကို လက်ဆင့်ကမ်းယူနေတာကို တွေ့ခဲ့ရပါတယ်။
 
 
အဆိုပါအခန်းမှာ ရုံးခန်းလား၊ လူနေအိမ်ခန်းလာဟု သေချာစွာမသိရှိရသော်လည်း ယင်းကဲ့သို့ ခြေလွတ်လက်လွတ် အပြင်ဘက်သို့ထွက်ကာ အလုပ်လုပ်နေရခြင်းက တစ်ချက်မှားသွာတာနဲ့ အသက်ပေးလိုက်ရနိုင်ပါတယ်။ အခုလို Safety မရှိပဲ အလုပ်ရှင်အနေနဲ့ ရက်စက်စွာမခိုင်းစေသင့်ဘူးလို့ ဝေဖန်ထားကြပါတယ်။မရှိပဲ အလုပ်ရှင်အနေနဲ့ ရက်စက်စွာမခိုင်းစေသင့်ဘူးလို့ ဝေဖန်ထားကြပါတယ်။ 
 


Follow us on