တောင်းကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာတည်ရှိတဲ့ ဆိုးလ်အမျိုးသမီးတက္ကသိုလ်က ဝင်ခွင့်စာမေးပွဲအတွက်စည်းမျဉ်းအသစ်တစ်ခုကို သတ်မှတ်ချက်ချလိုက်ပါတယ်။
ဆိုးလ်အမျိုးသမီး တက္ကသိုလ်က မေဂျာတစ်ခုဖြစ်တဲ့ ကြွေထည်နှင့်လက်မှုပညာဘာသာရပ်(Ceramics and Fibre Arts Major) မှာ ဝင်ခွင့်စာမေးပွဲအနေနဲ့ BTS အကြောင်းကို ဖြေဆိုရမယ်လို့သိရပါတယ်။ ကြွေထည်နဲ့ လက်မှုပညာဘာသာရပ်ကို လေ့လာချင်တဲ့ကျောင်းသားတွေဟာ BTS အကြောင်းကို ဂဃဏန သိထားမှ ဝင်ခွင့်စာမေးပွဲအောင်ပြီးအဆိုပါ ဘာသာရပ်ကိုသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့စပ်လျဉ်းပြီး တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ အထက်တန်းကျောင်းတက်စဉ်ကာလနဲ့ အထက်တန်းကျောင်းပြီးစဉ်ကာလတွေမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် အင်တာနက်၊ တီဗွီ၊ ဂိမ်း အစရှိတာတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး စာကိုပဲ တစိုက်မတ်မတ်ကြိုးစားလေ့ရှိကြပါတယ်။ တစ်သက်လုံး စာမှစာပဲ လုပ်လာတဲ့ ဒီလိုကျောင်းသားတွေကို BTS အကြောင်းဝင်ခွင့်စာမေးပွဲမှာ မေးမယ်ဆိုတာ မေးခွန်းသတ်လိုက်သလိုပါပဲ။
တချို့ကျောင်းသားတွေဆိုရင် BTS ကဘယ်လိုပုံရှိသလဲ၊ ဘာလုပ်တဲ့လူလဲဆိုတာ မသိကြပါဘူး။သူတို့အတွက်မြွေကိုက်တာပါပဲ။ တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေ အနေနဲ့ဒီလို Kpop အဆိုတော်တွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေမေးပြီး မေးခွန်းသတ်ခံရတဲ့ အဖြစ်မျိုး မကြာခဏ ကြုံတွေ့နေကြပါ ဒါဟာပထမဦးဆုံးမဟုတ်ဘူးလို့လဲပြောထားကြပါတယ်။