1. Home
  2. International News

အမျိုးသမီးသုတေသီတစ်ဦး အရှင်လတ်လတ် မိကျောင်းစားခံရ (ရုပ်သံ)

International News ม.ค. 15, 2562 view 2,097

အင်ဒိုနီးရှားနိုင်ငံမှ ဓါတ်ခွဲခန်း သုတေသီ အမျိုးသမီးတစ်ဦးဟာ သူမရဲ့အလုပ်ထဲမှာ မွေးမြူထားတဲ့ မိကျောင်းတစ်ကောင်ကို အစာကျွေးရာမှ မိကျောင်းဆွဲချခံခဲ့ပြီး သူမကိုယ်တိုင် အရှင်လတ်လတ် မိကျောင်းစာ ဖြစ်ခဲ့ရသည်။


ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းက အသက် ၄၄ နှစ်အရွယ် “Deasy Tuwo” ဆိုသူဟာ အရှည် ၁၇ ပေရှိသော ‘မယ်ရီ’ ဟု အမည်ပေးထားသည့် မိကျောင်းကြီး၏ ကိုက်ဖြတ်စားသောက်ခြင်း ခံခဲ့ရသည်။ မိကျောင်းကန်၏ အမြင့်မှာ ၈ ပေသာရှိပြီး သုတေသီအမျိုးသမီးက မိကျောင်းကြီးကို အစာကျွေးချိန်တွင် မိကျောင်းက အပေါ်ကို ခုန်ဟပ်ကာ အမျိုးသမီးကို ဆွဲချခဲ့ခြင်းဖြစ်နိုင်ကြောင်း အာဏာပိုင်များက ယုံကြည်ထားကြသည်။

 

အဲဒီနောက်မှာတော့ စမ်းသပ်ခန်းမှ အခြားဝန်ထမ်းတစ်ဦးက မိကျောင်းကန်ထဲတွင် မသတီစရာကောင်းလှသည့် အစိတ်အပိုင်းများကို တွေ့ရှိရာမှ လူကိုမိကျောင်းဆွဲခံရကြောင်း အားလုံးသိရှိသွားကြသည်။ အဲဒီနောက် ငြိမ်နေသော မိကျောင်းကြီး၏ ပါးစပ်အတွင်းတွင် အမျိုးသမီး၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြသည်။

 

မိကျောင်းကြီး ‘မယ်ရီ’ ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး အမှန်တစ်ကယ်ပင် လူသားစားခဲ့ခြင်း ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်သည်။ သေဆုံးခဲ့သူ “Deasy Tuwo” မှာ အေးဆေးစွာနေတတ်သူဖြစ်ပြီး သတ္တဝါတွေကိုလည်း ချစ်ခင်တတ်သူဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့သည်။



Follow us on