1. Home
  2. International News

လည်လှီး(ဟာလာ)နည်းဖြင့် သားသတ်ခြင်းကို ဘယ်လ်ဂျီယံတားမြစ်

International News ม.ค. 08, 2562 view 1,993

ဘယ်လ်ဂျီယံနိုင်ငံ ပြည်နယ်အချို့ရှိ သားသတ်ရုံများတွင် တိရိစ္ဆာန်များကို သတိလစ်သွားအောင် လုပ်ပြီးမှ  သားသတ်(ပေါ်နည်း) ကိုသာ အသုံးပြုရမည်ဖြစ်ပြီး လည်လှီး(ဟာလာနည်း) သို့မဟုတ် ဂျူးဘာသာတရားနဲ့အညီ သားသတ်နည်းလမ်းများကို ဥပဒေနဲ့ တားမြစ်လိုက်ပါတယ်။

မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ “ဖလန်ဒါ”မှာ စတင်ကျင့်သုံးမှာဖြစ်ပြီး လာမယ့်စက်တင်ဘာမှာတော့ တောင်ပိုင်းပြည်နယ် “ဝယ်လိုနီးယာ” မှာပါ ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ဟာ ဂျူးဘာသာဝင်တွေရဲ့ လွပ်လပ်ခွင့်ကို အကြီးအကျယ် ထိခိုက်လိုက်တာဖြစ်ကြောင်း ဥရောပဂျူးလူမျိုးကွန်ဂရက်က ပြောကြားလိုက်ပါတယ်။


အစ္စလာမ်ဘာသာတရားနဲ့ ဂျူးဘာသာတရားအရ သားသတ်ရာတွက် အရှင်လည်လှီးကာ လည်ချောင်းသွေး ဖောက်ထုတ်ပြီးမှ သတ်ဖြတ်ရမည်ဖြစ်သည်။ ယခုပြဌါန်းလိုက်တဲ့ ဥပဒေသစ်မှာတော့ တိရိစ္ဆာန်များကို မသတ်ခင် လျှပ်စစ်ဖြင့် သတိလစ်မေ့မျောသွားအောင် ပြုလုပ်ပြီးမှ သတ်ဖြတ်ရမည်ဟု ပါရှိသည်။

တိရိစ္ဆာန်အခွင်းအရေး လှုပ်ရှားသူတွေကတော့ ဒီဥပဒေသစ်ဟာ တရိစ္ဆာန်တွေအပေါ် သနားညှာတာမှုရှိစေချင်တာထက် ဘာသာရေးအရေ နှိပ်ကွပ်ချင်တာက ပိုများတယ်လို့ ဝေဖန်ထားကြပါတယ်။

ဘယ်လ်ဂျီယံမှာရှိတဲ့ မူဆလင်နဲ့ ဂျူးဘာသာဝင်တွေက ဒီသားသတ်ဥပဒသစ်ကို အပြင်အထန်ကန့်ကွက်ကြပြီး ဟာလာနည်းနဲ့ သတ်ဖြတ်ခြင်းကသာ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တယ်လို့ ကန့်ကွက်နေကြပါတယ်။

ဆွီဒင်၊ ဒိန်းမတ်ခ်၊ ဆွစ်ဇလန် နဲ့ နယူးဇီလန်နိုင်ငံတွေကတော့ သားသတ်ရာမှာ အရင်ဦးစွာ တိရိစ္ဆာန်တွေကို သတိလစ်မေ့မြောအောင် မလုပ်တဲ့ သားသတ်နည်းတွေကို ပိတ်ပင်ထားပြီးဖြစ်ပါတယ်။



Follow us on