1. Home
  2. Movie Stars - Celebrity

ခရစ်စမတ်ပါတီမှာ ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့နဂါးနိုင်ဓား ကျန်းဝူကျိနဲ့ ကျောက်မိန်

Movie Stars - Celebrity ม.ค. 02, 2562 view 2,931

သိုင်းလောကကို ချစ်မြတ်နိုးတဲ့သူ၊ တရုတ်သိုင်းကားပရိတ်သတ်တွေဆိုရင် သူတို့နှစ်ယောက်ကို မိတ်ဆက်စရာမလိုအောင်သိနေမှာပေါ့နော်။ နဂါးနိုင်ဓား လို့ပြောလိုက်တာနဲ့ လူတိုင်းက ကျန်းဝူကျိနဲ့ ကျောက်မိန်ကိုပြေးမြင်ကြတော့တာပါပဲ။


အချိန်တွေကုန်တာမြန်လာလိုက်တာ နဂါးနိုင်ဓါး ဇာတ်လမ်းတွဲကိုထုတ်လွှင့်ခဲ့တာ ၁၅ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ အခုအချိန်မှာဆိုရင် ကျန်းဝူကျိနေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Alec Su ကအသက် ၄၅ နှစ်ရှိ နေပြီဖြစ်ပြီး ကျောက်မိန်နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Alyssa Chia ကတော့ အသက် ၄၄ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ သူတို့ဒီလို အသက်ကြီးလာတာမြင်ရတော့ ကိုယ်တွေလဲမငယ်တော့ဘူးဆိုတာ သတိပေးလိုက်သလိုပါပဲ။


ကျန်းဝူကျိနဲ့ ကျောက်မိန်တို့ ခရစ်စမတ်နေ့က Christmas Ugly Sweater Party မှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြရာက နှစ်ယောက်တွဲ ဆယ်လ်ဖီဆွဲပြီး Alyssa က သူမရဲ့ instagram မှာတင်ခဲ့တာပါ။ Alyssa က ‘မတွေ့တာကြာပြီ အရင်ကလိုကြည့်ကောင်းတုန်းပဲ’ လို့ Alec Su ကို tag ပြီး ရေးသားခဲ့ပါတယ်။ နှစ်ယောက်လုံးက Ugly Sweater Party မှာရောက်နေတဲ့အတွက် ရုပ်မဆိုးဆိုးအောင် ဝတ်ထားလို့ ရယ်စရာဟာသကြီးတွေဖြစ်လို့နေပါတယ် လို့ သူမကရေးသားထားပါသေးတယ်။


Alyssa Chia က အရင်အိမ်ထောင်နဲ့ ကွာရှင်းပြီး ကလေးသုံးယောက်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်ပြီး သူမကလေးသုံးယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပါပြီ။


မင်းသား Alec Su ကတော့ ရည်းစားတွေ တွဲလိုက်ပြတ်လိုက် တစ်ယောက်ပြီးတစ်ယောက်ထားနေပေမယ့် အခုအချိန်ထိတစ်ကိုယ်တည်း လူပျိုကြီး လုပ်နေတုန်းပါပဲ။




Follow us on