1. Home
  2. Movie Stars - Celebrity

တက်ကြွတဲ့ ခြေလှမ်းတွေရဲ့အောက်မှာ ကျရှုံးသွားစေမယ့် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုဖိုင်

Movie Stars - Celebrity ม.ค. 02, 2562 view 2,586

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားသူဖြစ်ပြီး သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အ၀ရရှိပြီးသားဖြစ်ပါတယ်။ လှပတင်းရင်းတဲ့ ရှိုက်ကြီးဖိုငင်အသွယ်သွယ်ကို ပိုင်ဆိုင်ထားတာကြောင့် Sexy Model တစ်ဦးအဖြစ်ပါရပ်တည်နေပြီဖြစ်တဲ့ သင်ဇာကတော့ သူမရဲ့သူမတူတဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်ပြစ်တင် ပြောဆိုမှုတွေကို ဆိုးဝါးရွာခံနေရသူလဲဖြစ်ပါတယ်။



တစ်မျိုးပြီးတစ်မျိုး အမြင်မရိုးအောင် Sexy အကျဆုံးဖက်ရှင်တွေနဲ့ ပွဲတွေကို တက်ရောက်လေ့ရှိပြီး ပရိသတ်တွေကြား ဟာခနဲ၊ ဟင်ခနဲဖြစ်အောင် ဂယက်ထစေနိုင်လွန်းသူဖြစ်ပါတယ်။ သင်ဇာကတော့ ဒီရေတွေလို တရိပ်ရိပ်မြင့်တက်လာတဲ့ သူမရဲ့ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ပွဲတွေလက်ခံထားတာကြောင့်၂၀၁၈ နှစ်ကုန်ထိတော့ ၀တ်ပါရစေဆိုပြီး ကြိုတင်တောင်းပန်းစကားလည်း ပြောကြားခဲ့ပါသေးတယ်။



သင်ဇာကတော့ ၂၀၁၈ ခုနှစ်ကို သူမရဲ့အလှတရားတို့ထင်ရှားပေါ်လွင်စေတဲ့ ငွေရောင် Sexy Dress လေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ၂၀၁၉ ဆီကိုဦးတည်ရင်း သူမရဲ့အလှတွေအောက်မှာ ကျရှုံးသွားစေနိုင်တဲ့ ဗီဒီယိုဖိုင်လေးကိုပါ လူမှုကွန်ယက်မှာတင်ခဲ့တာဖြစ်ပါတယ်။



အမျိုးသမီးအပေါင်းက ဘယ်လိုအပြစ်တင်ဝေဖန်ပါစေ အမျိုးသားထုကြီးကတော့ သင်ဇာ့ဘက်မှာ မားမားမတ်မတ်ရပ်တည်နေလို့နေပါတယ်။ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလိုက်တဲ့ သူမရဲ့ခြေလှမ်းတွေအောက်မှာ ကျရှုံးသွားစေနိုင်မယ့် ဗီဒီယိုဖိုင်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။






Follow us on