1. Home
  2. Movie Stars - Celebrity

တီဗွီဖန်သားပြင်ပေါ်မှာမတွေ့ရတော့တဲ့ကျန်ကျောင်းမင်းသားကြီး အသက်ဘယ်လောက်ရှိပြီလဲ

Movie Stars - Celebrity ม.ค. 02, 2562 view 2,780

ကိုယ်တွေငယ်ငယ်တုန်းက ပြည်သူ့တရားရှင် (ပေါင်ချိန်) ဇာတ်လမ်းတွဲဟာဆိုရင် သက်ကြီးရွယ်အို၊ ပျို၊ အိုမရွေး ကလေးပါမကျန်ကြိုက်နှစ်သက်ခဲ့ကြတာ လူတိုင်းအသိပါပဲ။ ငယ်ငယ်က ဘုရားပွဲဈေးတွေမှာ အရုပ်ထဲမှာကျန်ကျောင်းဦးထုပ်နဲ့ ဓားဆိုရင် အရောင်းကောင်းဆုံး ပစ္စည်းတစ်ခုပေါ့။


ကျန်ကျောင်းမင်းသားကြီးကို မြန်မာပရိတ်သတ်တွေဘယ်လောက်ထိ ချစ်ကြလဲဆိုရင် ကျန်ကျောင်း ရုပ်ပုံနဲ့ထွက်တဲ့ ကျွတ်ကျွတ်အိတ်အကြီးတွေကို ယနေ့ထိကျန်ကျောင်းအိတ် လို့ခေါ်ဝေါ်ကြတဲ့အထိပါပဲ။


ကျန်ကျောင်းမင်းသားကြီးဟာ ဟောင်ကောင် တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး သူ့နာမည်အရင်းကတော့ Kenny Ho ပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျန်ကျောင်းမင်းသားကြီးက အသက် ၅၉ နှစ်တိတိပြည့်ခဲ့တာဖြစ်ပါတယ်။ နောက်နှစ်ပဲ အသက် ၆၀ ပြည့်တော့မှာဖြစ်ပေမယ့် မင်းသားကြီးဟာအရွယ်တင် နုပျိုနေဆဲပါပဲ။




Kenny Ho ဟာနောက်ပိုင်းမှာ စီးပွားရေးဘက်ကိုပဲ အားစိုက်လုပ်ကိုင်နေတာကြောင့် ဇာတ်ကားတွေသိပ်မရိုက်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ပေါင်ချိန်ဇာတ်ကားကို ၂၀၀၈ မှာတစ်ခါ၊ ၂၀၁၀ နဲ့ ၂၀၁၂ ကြားမှာတစ်ခါ ပြန်လည် ရိုက်ကူးတဲ့အခါတုန်းကတော့ ကျန်ကျောင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ကျန်ကျောင်းဇာတ်ရုပ် နေရာကိုတခြားသရုပ်ဆောင်တွေနဲ့ လူစားထိုးပြီး ရိုက်ခဲ့ပေမယ့် ပရိတ်သတ်က Kenny Ho ကိုသာ ကျန်ကျောင်းအဖြစ် လက်ခံတာ ကြောင့်သူနဲ့ပဲ ပြန်လည်ရိုက်ကူးခဲ့ရတာပါ။

 

ဒီလို အရွယ်တင်တဲ့ မင်းသားကြီးဟာ ရည်းစားတွေထားခဲ့ဖူးပေမယ့် ခုချိန်ထိအိမ်ထောင်မပြုရသေးတဲ့ တစ်ကိုယ်တည်းလူပျိုကြီးပါပဲ။ Kenny Ho က ၁၉၈၉ မှာထွက်ရှိခဲ့တဲ့ Endless Love ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီး May Chin နဲ့ချစ်ကြိုးသွယ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၀ ခုနှစ်မှာ စတွဲခဲ့ကြပြီး ၁၉၉၃ ခုနှစ်မှာပြတ်ခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ သူငယ်ချင်းကောင်းတွေအနေနဲ့ ဆက်လက်တည်ရှိနေပြီး အသက် ၆၀ ပြည့်လို့ နှစ်ဦးလုံး အိမ်ထောင်မပြုရသေးဘူးဆိုရင် တစ်သက်လုံးအကြင်လင်မယားအဖြစ် ဘဝဆုံးခန်းတိုင်အောင် နေထိုင်သွားကြမယ်လို့ ကတိတွေထားခဲ့ကြပါတယ်။ နောက်နှစ်ဆိုရင်ပဲ Kenny Ho ကအသက် ၆၀ ပြည့်တော့မှာဖြစ်ပြီး အိမ်ထောင်လဲ မပြုရသေးတာမို့ သူတို့နှစ်ဦးရဲ့ ရာဇဝင်တွင်တဲ့ ချစ်ခြင်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ မျှော်တလင့်လင့်နဲ့ စောင့်စားနေရဦးမှာပါပဲ။

 


 



Follow us on