1. Home
  2. Movie Stars - Celebrity

Rap သီချင်းတွေပါ ဆိုဖို့အစီအစဉ်ရှိကြောင်း ပြောလာတဲ့ ခြိမ့်ကေကို

Movie Stars - Celebrity ธ.ค. 28, 2561 view 2,710

တစ်နိုင်ငံလုံးက ဘနားနားလို့သိကြတဲ့ ခြိမ့်ကေကိုကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဒိုင်ဖြစ်သူမြန်မာပြည်သိန်းတန် ဌက်ပျော်သီးကျွေးလိုက်ရာမှ နာမည်ကြီးလူသိများလာသူဖြစ်ပါတယ်။ အနုပညာဝါသနာပိုးအရင်းခံရှိသူမို့ ၀ါသနာပါရာဂီတအလုပ်တွေကို မဆုတ်မနစ်ကြိုးစားလုပ်ကိုင်နေသူဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အများဆုံးခံရသူတွေထဲမှာတစ်ယောက်အပါအ၀င်ဖြစ်တဲ့ ခြိမ့်ကေကိုက သူ့ကိုဝေဖန်ပြောဆိုနေကြသူတွေကို မုန်းတီးမှုမရှိပဲ အားလုံးကိုချစ်ပါတယ်လို့ မေတ္တာစိတ်ကြီးကြီးနဲ့ နားလည်ပေးတတ်သူပဲဖြစ်ပါတယ်။ ဘယ်လိုဝေဖန်မှုတွေပြုပြု လဲပြိုမကျပဲရှေ့ဆက်နေတဲ့ ဘနားနားကတော့ ယခုဆိုရင် အောင်မြင်မှုတွေကိုပါ အထိုက်အသင့်ရရှိနေပြီပဲဖြစ်ပါတယ်။


သူ့ရဲ့ပထမဆုံးသီချင်းဖြစ်တဲ့ “မမ” သီချင်းလေးက လူငယ်တွေကြားရေပန်းစားခဲ့ကာ အောင်မြင်မှုရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဆိုတော်အပြင် သရုပ်ဆောင်ပိုင်းမှာပါ အကောင်းဆုံးကြိုးစားနေတဲ့ ဘနားနားဟာဆိုရင် “တောသားဆိုပြီး အချဉ်မဖောက်နဲ့” ဆိုတဲ့ ပညာပေးဇာတ်လမ်းမှာလဲ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ အားသာတဲ့ခြိမ့်ကေကိုကိုတော့ အားပေးဝန်းရံသူတွေလဲ ထုနဲ့ဒေးရှိလာပါတယ်။


နာမည်ကြီးသီချင်းကို Cover song အနေနဲ့ပြန်ဆိုပြလေ့ရှိတဲ့ ခြိမ့်ကေကိုက Rap သီချင်းတွေကို သီဆိုသွားဖို့ရှိတယ်လို့ ပြောကြားလာပါတယ်။ ရင်ထဲကလာတဲ့ ခံစားချက်နဲ့ရေးထားတဲ့ Rap သီချင်းတွေ သီဆိုတဲ့အခါကြရင်လည်း သူ့ကိုအားပေးကြပါဦးလို့ ကြိုတင်အသိပေးပြောသွားပါတယ်။ ပရိသတ်ကြီးကရော ဘနားနားရဲ့ Rap သီချင်းတွေထွက်လာရင် အရင်လိုပဲအားပေးကြဦးမှာလား။


ဘနားနားဟာဆိုရင် အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေရပြီး ပွဲတွေ၊ အခမ်းအနားတွေမှာပါ လိုက်လံသီဆိုဖျော်ဖြေနေပြီပဲဖြစ်ပါတယ်။ အနုပညာလောကရဲ့ တက်သစ်စကြယ်ပွင့်လေးမို့ ပရိသတ်ကြီးကပဲ ၀န်းရံအားပေးလိုက်ကြပါဦးနော်...




Follow us on