1. Home
  2. Movie Stars - Celebrity

အွန်လိုင်းမှာနာမည်ကြီးနေတဲ့ ရင်ထဲမှာနင့်နေအောင်ခံစားသွားရမယ့် ကော်နီရဲ့သီချင်းအသစ်

Movie Stars - Celebrity ธ.ค. 21, 2561 view 2,935

တစ်ချိန်က မြန်မာနိုင်ငံ ဂီတလောကမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့တဲ့ တေးသံရှင်ကော်နီဟာ သီချင်းအသစ်တွေမဆိုဖြစ်တာအချိန်တစ်ခုကြာနေပြီပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ဟာကော်နီရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာအမှတ်တရလက်ဆောင်အနေနဲ့ ‘ဆေး’ ဆိုတဲ့ သီချင်းအသစ်ကို Connie Official Myanmar Youtube Channel ကတင်ပေးခဲ့ပါတယ်။


ဒီသီချင်းလေးကိုတေးရေးဆရာဝေကြီးကရေးသားတာဖြစ်ပါတယ်။ လူငယ်တေးရေးဆရာဝေကြီးဟာ သူရေးတဲ့သီချင်းတိုင်း မပေါက်တဲ့သီချင်းကမရှိသလောက်မို့ လက်တလောမှာလူသိများကျော်ကြားလာသူ တစ်ယောက်ဖြစ်ပါတယ်။ ဝေကြီးဟာမကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၈ ကြိမ်မြောက် Shwe FM ဆုပေးပွဲမှာ ၂၀၁၈ ခုနှစ်အတွက်အကောင်းဆုံးတေးရေးဆရာဆုကို ရရှိခဲ့ပါတယ်။

 

တေးရေးဆရာဝေကြီးဟာ နာမည်ကြီးသီချင်းများဖြစ်တဲ့ လရိပ်၊ ကျွန်မ၊ အလကားပဲ၊ အသည်းနှလုံးမရှိတဲ့လူ၊ သင့်အတွက်မနက်ဖြန် အစရှိတဲ့နာမည်ကြီးတေးသီချင်းများကို ရေးစပ်သူတစ်ယောက်ဖြစ်ပါတယ်။


‘ဆေး’သီချင်းလေးက အလွမ်းအဆွေးသီချင်းလေးဖြစ်ပြီး အခုလိုချမ်းအေးလှတဲ့ ဆောင်းရာသီအချိန်မှာ feel လို့အရမ်းကောင်းတဲ့ သီချင်းလေးပါ။ အားလုံးပဲ ကော်နီ ရဲ့ ‘ဆေး’ သီချင်းလေးကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။




Follow us on