1. Home
  2. Myanmar News

ကျောင်းစာမလိုက်နိုင်သဖြင့် ၁၀ တန်းကျောင်းသူ အဆိပ်သောက်သေဆုံး

Myanmar News ธ.ค. 18, 2561 view 2,122

မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ကျောင်းစာမလိုက်နိုင်သဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့က အဆိပ်သောက် သေဆုံးခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

မပွင့်ဖြူစိုး သည် ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအတွက် ပထမအစမ်းစာမေးပွဲဖြေဆိုခဲ့ရာ (၅)ဘာသာ ကျရှုံးခဲ့သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ကျောင်းတွင် ဒုတိယအစမ်း စာမေးပွဲဖြေဆိုရန်ရှိနေပြီး နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် ခေါင်းမူး၊ ဗိုက်အောင့် ဝေဒနာခံစားနေရ၍ ကျောင်းမသွားနိုင်ကြောင်း မိဘများ သိရှိခဲ့သဖြင့် မိုးကောင်းဆေးရုံသို့ တင်ပို့ခဲ့ကြသည်။

ဆေးရုံတွင် တာဝန်အလှည့်ကျ ဆရာဝန် ဒေါက်တာချောစုစုစော က  မပွင့်ဖြူစိုး ကို မေးမြန်းခဲ့ရာ မိဘများ မသိအောင် ယင်ကောင်သတ်ဆေး နဲ့ ပရုတ်လုံးတွဲစပ်သောက်ထားကြောင်း သိရှိခဲ့ရသဖြင့် ဆေးကုသပေးနေစဉ် နေလည် ၁၂ နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မပွင့်ဖြူစိုး သည် မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၊ အထက(ခွဲ) တွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသာ ကျောင်းသူတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ ကျောင်းစာမလိုက်နိုင်သဖြင့် အဆိပ်သောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။

မပွင့်ဖြူစိုး သေဆုံးခဲ့မှုကို ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၈ ဖြင့်မိုးကောင်းမြို့မရဲစခန်းက အမှုရေးဖွင့်ထားကြောင်း သိရသည်။

သတင်းရင်းမြစ် - မုနိမြီ



Follow us on