1. Home
  2. Myanmar News

မလေးရှားရောက် မြန်မာလူငယ် လုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

Myanmar News ธ.ค. 18, 2561 view 2,413

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် မန်တာကတ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၂ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး နေထိုင်ရာ အဆောင်တိုက်ခန်းရှိ ရေချိုးခန်းအတွင်း ဒီဇင်ဘာ ၁၆ ရက်နေ့က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကနဦးသတင်း ရရှိသည်။


မောင်နေစိုးထက်အောင် (အသက် ၂၂) သည် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် သလပ်ခွာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ၇ လခန့်ကမှ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် မန်တာကတ်မြို့ရှိ TF စူပါမားကတ်တွင် ၃ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့ရာ ၇ လပင် မပြည့်သေးပါ။ ထိုအတောအတွင်း အစာအိမ်ဝေဒနာခံစားရပြီး မြန်မာနိုင်ငံသို့ ပြန်ကာ ဆေးကုသချင်ကြောင်း တစ်ခန်းထဲအတူနေ သူငယ်ချင်းအား ရင်ဖွင့်ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။


ထို့နောက် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်း အခန်းဖော်များ အိပ်ယာထပြီး အိမ်သာနဲ့တွဲလျက် ရေချိုးခန်းတွင်းသို့ ဝင်ခဲ့ရာ မောင်နေစိုးထက်အောင် ကို ကြိုးဆွဲချ အနေအထားနဲ့ သေဆုံးခဲ့တာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းနေ့ နံနက် ၃ နာရီ ၃၀ အချိန်ခန့်က အခန်းဖော်တစ်ဦး အပေါ့စွန့်ရန် အိမ်သာဝင်ခဲ့သေးတာကြောင့် နံနက်အစောပိုင်းအချိန်တွင် သေကြောင်းကြံစည်ခဲ့တာ ဖြစ်နိုင်ကြောင်း အခန်းဖော်များက ယူဆထားကြကြောင်း အတည်မပြုနိုင်သေးသော ကနဦးသတင်း ရရှိသည်။



Follow us on