1. Home
  2. Myanmar News

မဲဆောက်မြို့တွင် မြန်မာမိသားစု ၄ ဦး ရက်စက်စွာ အသတ်ခံရ (ရုပ်သံ)

Myanmar News ธ.ค. 17, 2561 view 2,014

ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မဲသောင်ကျေးရွာတွင် မြန်မာမိသားစုဝင် ၄ ဦး ညအချိန်အိပ်ပျော်နေစဉ် သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ လူသတ်မှုကို မဲဆောက်မြို့နယ် ရဲမှူးကိုယ်တိုင် အသေးစိတ်စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။

သတ်ဖြတ်ခံရသော မိသားစုနှင့် လူသတ်တရားခံတို့မှာ အနီးနားတွင် အတူနေထိုင်ကြသော အိမ်နီးချင်း မိသားစုများ ဖြစ်ကြောင်းသိရှိရသည်။ တရားခံများဟာ အခင်းဖြစ်မည့်ညက သေဆုံးသူမိသားစုရဲ့ နေအိမ်အနီးမှာ အမဲသားချက်ပြုတ်ပြီး ဝိုင်းဖွဲ့အရက်သောက်ပြီး ဆူညံနေခဲ့တာကြောင့် စကားများခဲ့ကြပါတယ်။

အဲဒီနောက် သေဆုံးသူမိသားစု အိပ်ပျော်နေစဉ် အိမ်ပေါ်တက်ကာ သတ်ဖြတ်သွားဟန်တူပြီး သေဆုံးသူများက ပြန်လည်ခုခံထားတဲ့ အခြေအနေမတွေ့ရဘူးလို့ ရဲတွေရဲ့ စစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။

အမှုမှ လူသတ်တရားခံအဖြစ် သံသယရှိသူ ကိုဆွေ (၄၈ နှစ်) ဇနီးဖြစ်သူ မမွှေး နဲ့ အခြားအမျိုးသားတစ်ဦးတို့မှာ အခင်ဖြစ်ပွားပြီးနောက် မြဝတီဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့အတွက် မဲဆောက်ရဲတပ်ဖွဲ့က မြဝတီဘက်က တာဝန်ရှိသူများကို အကြောင်းကြားထားပြီး တရားခံများကို ရှာဖွေဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။

လူသတ်တရားခံများဟာ သေဆုံးသူမိသားစုနေထိုင်ရာအနီးရှိ ကြံခင်တွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ယခင်ကလည်း မိသားစု နှစ်စု ရန်ဖြစ် စကားများခဲ့ဖူးကြောင်း သတ်ခံရသူ မခင်လှ ၏ အသက် ၁၉ နှစ်အရွယ် သမီးကြီး(ပထမအိမ်ထောင်နှင့် မွေးသူ) က ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။ ရုပ်သံမှာတော့ အဘွားဖြစ်သူနဲ့အတူ ကြေကွဲဝမ်းနည်းစွာ ငိုယိုနေတာကို တွေ့ရပါတယ်။


အမှုနဲ့ပက်သက်တဲ့ ထိုင်းရဲတွေရဲ့ သတင်းထုတ်ပြန်မှုများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း စောင့်ကြည့် မေးမြန်းနေကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။


သတင်းရင်းမြစ် - SAW



Follow us on