1. Home
  2. International News

စင်ကာပူတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ထပ်မံဖမ်းဆီးရမိ

International News ธ.ค. 07, 2561 view 2,460

ရန်ကုန်မြို့ကို အလည်အပတ်ရောက်ရှိလာတဲ့ စင်ကာပူနိုင်ငံသား စုံတွဲထံမှ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ရတာကြောင့် ဖမ်းဆီးခံထားရမှုနဲ့ စပ်ဆက်ပြီး စင်ကာပူနိုင်ငံရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများကို စင်ကာပူရဲများက ဝင်ရောက်စစ်ဆေးနေပြီဖြစ်ကြောင်း စင်ကာပူသတင်းတွင် ဖော်ပြပါရှိသည်။

အဆိုပါစင်ကာပူနိုင်ငံသား၂ ဦးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲခဲ့ကြောင်း စွပ်စွဲခံထားရပြီး ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ဖမ်းဆီခံထားရသူ ၂ ဦးနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရခဲ့ပြီး ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်နေကြောင်းဖော်ပြထားသည်။

ကနဦးစစ်ဆေးချက်များအရ စင်ကာပူနိုင်ငံသား ၂ ဦးဟာ မြန်မာကျပ်ငွေများကို စင်ကာပူနိုင်ငံရှိ နိုင်ငံခြားငွေလဲလှဲရေးဆိုင် တစ်ခုတွင် ကြိုတင်လဲယူခဲ့ကြကြောင်း သိရှိရသည်။ ယင်းငွေလဲလှယ်ရေးဆိုင်သို့ စင်ကာပူရဲများက အလစ်ဝင်ရောက်စစ်ဆေးခဲ့ရာ နံပါတ်တူ အက္ခရာကွဲ (AG နဲ့ AE) အက္ခရာပါ တစ်သောင်းကျပ်တန်အတုများ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နဲ့ ဆက်စပ်ကာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့များတွင် သံသယရှိသော ငွေလဲလုပ်ငန်း ၁၇ ခုကို ရှောင်တစ်ခင် ထပ်မံစစ်ဆေးခဲ့ရာ အလားတူ ကျပ်တစ်သောင်းတန် အတုများအား ထပ်မံတွေ့ရှိခဲ့ရသည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေပြီး ပိုက်ဆံအတုများ ကိုင်ဆောင်သုံးစွဲသူ မည်သူမဆို ထောင်ဒဏ် နှစ် ၂၀ အထက်နဲ့ ငွေဒဏ်တို့ကိုပါ ကျခံရမည်ဖြစ်ပြီး၊ ပိုက်ဆံအတု လက်ဝယ်ထားရှိသူများအနေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထက် ကျခံရမည်ဖြစ်သည်။

စင်ကာပူရဲများက အက္ခရာ “AG” “AE” ပါ တစ်သောင်းတန် ငွေစက္ကူကိုင်ဆောင်သူများအနေနဲ့ အထူးသတိပြု စစ်ဆေးဖို့လိုကြောင်း အသိပေးနှိုးဆော်ထားသည်။ ငွေလွှဲဌါနများအပါအဝင် မိမိလက်ဝယ်တွင် ရှိနေသော မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူများအပေါ် မသင်္ကာပါက နီးစပ်ရာ ရဲဌါနသို့ ချက်ခြင်းအကြောင်းကြားရန် Straits Times သတင်းတွင်ဖော်ပြပါရှိသည်။



Follow us on