1. Home
  2. Movie Stars - Celebrity

ရင်တွေတလှပ်လှပ်ခုန်သွားစေမယ့် အမိုက်စားပုံစံနဲ့ကပြလိုက်တဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်

Movie Stars - Celebrity ธ.ค. 06, 2561 view 2,540

“ချစ်ဖူးခဲ့သမျှ” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုသိမ်းပိုက်နေရာယူခဲ့တဲ့ အဆိုတော်ပိုပိုဆိုရင် မသိသူမရှိလောက်အောင် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာဂီတလောကထဲကို အသဲကွဲသီချင်းတွေကို ခံစားချက်အပြည့်နဲ့သီဆိုရင်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူတွေ့ခဲ့ရတဲ့ အဆိုရှင်မလေးဖြစ်ပါတယ်။




သီချင်းလေးတွေကိုလဲ ကိုယ်တိုင်ရေးကိုယ်တိုင်ဖန်တီးသီဆိုတတ်ပြီး သူမထွက်ရှိထားတဲ့သီချင်းတိုင်း၊ အယ်လ်ဘမ်တိုင်းကလဲ အောင်မြင်မှုတွေများစွာကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြားလှသထက်လှကာ အလှပဂေးတစ်ယောက်ဖြစ်လာတဲ့ ပိုပိုကတော့ ပုရိဿအပေါင်းရဲ့အခိုင်အမာဝန်းရံအားပေးခြင်းကို ခံထားရသူလဲဖြစ်ပါတယ်။



နယ်ရှိုးတွေအပြင် ရန်ကုန်ရှိုးတွေမှာပါ မပါမဖြစ်ဖျော်ဖြေနေရတဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ပိုပိုကတော့ မကြာခဏဆိုသလို အပျင်းပြေ Tik Tok ဗီဒီယိုလေးတွေရိုက်ကာ ပရိသတ်တွေမျှဝေပေးလေ့ရှိသူဖြစ်ပါတယ်။ လတ်တလောမှာလဲ ဖျော်ဖြေရေးပွဲတစ်ခုမှာ Night Dress ကြီးနဲ့ သီချင်းဆိုရင်းအမိုက်စားကပြထားတဲ့ဗီဒီယိုကို သူမရဲ့ဖေ့စ်ဘွတ်မှာ တင်ထားတာပဲဖြစ်ပါတယ်။ စင်အောက်မှာကြည့်ရှုနေသူတွေသာမက မြင်သူတိုင်းရင်တလှပ်လှပ်ဖြစ်သွားစေမယ့် ပိုပိုရဲ့အမိုက်စားဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်။





Follow us on