1. Home
  2. Myanmar News

KTV တွင် အမျိုးသားတစ်ဦး သီချင်း ၃ ပုဒ်ဆက်တိုက် သီဆိုပြီး ရုတ်တရက်သေဆုံး

Myanmar News ธ.ค. 04, 2561 view 2,318

စစ်ကိုင်းမြို့ရှိ KTV တစ်ခုတွင် အပေါင်းအသင်းများနဲ့ စားသောက်ရင်း သီချင်းလာဆိုသော အမျိုးသားတစ်ဦး သီချင်း ၃ ပုဒ် ဆက်တိုက်သီဆိုပြီးနောက် သီချင်းအဆုံးတွင် ရုတ်တရက် သေဆုံးသွားခဲ့သော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။


သေဆုံးသူမှာ ဦးခင်မောင်သန်း (၆၂ နှစ်) ဖြစ်ပြီး စစ်ကိုင်းတိုင် အုန်းတောကျေးရွာတွင် နေထိုင်ပြီး မြေအရောင်အဝယ်လုပ်ကိုင်သူ ဖြစ်သည်။ ပျော်ပျော်နေတတ်သူလည်းဖြစ်သဖြင့် ခင်မင်သူ အပေါင်းအသင်းများပြီး စိတ်သဘောကောင်းသူအဖြစ် မိတ်ဆွေသူငယ်ချင်းများက အသိမှတ်ပြုထားကြသည်။

ဦးခင်မောင်သန်း မှာ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်ပြီး အဆိုပါနေ့က စစ်ကိုင်းမြို့ရှိ သူငယ်ချင်းများက မဆုံတာကြာပြီဖြစ်ကြောင်း ပြောဆိုပြီး ခေါ်ဆောင်ခဲ့သဖြင့် စုစုပေါင်း မိတ်ဆွေ ၁၅ ဦးခန့်နဲ့အတူ စားသောက်ဆိုင်နဲ့တွဲဖွင့်ထားသော KTV ဆိုင်တွင် သီချင်းသွားဆိုခဲ့ကြသည်။ စားကြသောက်ကြရင်း ဦးခင်မောင်သန်း သီချင်း ၃ ပုဒ်ကို ဆက်တိုက်သီဆိုခဲ့ပြီး နောက်ဆုံးတစ်ပုဒ်သီချင်းအဆုံးတွင် ရုတ်တရက် ခေါင်းငိုက်စိုက်ကျသွားသဖြင့် သူငယ်ချင်းများက တက်သွားသည်ဟုထင်ပြီး ခြေမချိုးပေးခဲ့ကပြသော်လည်း သတိပြန်မလည်လာသဖြင့် စစ်ကိုင်းမြို့နယ်ဆေးရုံသို့ ပိုဆောင်ခဲ့ကြသည်။ ဆေးရုံတွင် ဆရာဝန်များ စစ်ဆေးခဲ့ပြီးနောက် KTV မှာထဲက သေဆုံးသွားခဲ့တာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဦးခင်မောင်သန်း ဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင်လည်း နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ကိုင်းမြို့မ ရဲစခန်းက သေမှုသေခင်ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - နေလင်းထက်



Follow us on