အီလက် ထရွန်းနစ် ဂိမ်း ၀ါသနာ ရှင် တွေ အတွက် တော့ အလွန် ၀မ်း မြောက် ဖွယ် ရာ သတင်း ဖြစ် စေ မှာ အမှန် ပါပဲ ။ လာမယ့် ၂၀၁၉ ခုနှစ် ၊ ဖိလစ် ပိုင် နိုင် ငံ မှာ ပြုလုပ် ကျင်းပ မယ့် အကြိမ် ၃၀ မြောက် အရှေ့ တောင် အာရှ အား ကစား ပြိုင် ပွဲ ( SEA Games ) မှာ E-Sports Game တစ်ခု ဖြစ် တဲ့ Mobile Legends : Bang Bang ကို ထည့်သွင်း ယှဉ် ပြိုင် ပြီး ရွှေတံဆိပ်ဆု တွေ ချီး မြှင့် တော့ မှာ ဖြစ် ကြောင်း အတည်ပြု ကြေငြာ သွားခဲ့ ပြီ ဖြစ် ပါတယ် ။
အီ လက် ထရွန်းနစ် အား ကစား အဖွဲ့ ဟာ အရှေ့ တောင် အာရှ အတွင်း လူကြိုက် များ တဲ့ DOTA 2 ၊ Mobile Legends : Bang Bang နဲ့ League of Legends စတဲ့ ဂိမ်း ၃ မျိုး ကို အဆို တင် သွင်းထား ပြီး ကွန်ပျူတာ ၊ မိုဘိုင်း ဖုန်း နဲ့ ခလုပ် ကစား နည်း တွေ ကနေ ဆုတံဆိပ် အမျိုး အစား ၆ ခု အထိ တင်ပြ ထား တာ ဖြစ် တယ် လို့ သိရ ပါတယ် ။
ကြိမ် ကြိမ် ဆွေးနွေး တိုင် ပင် မှု တွေ ပြုလုပ် အပြီး မှာတော့ Mobile Legends Game ကို ပြိုင်ပွဲ မှာ ထည့်သွင်း ဖို့ မီးစိမ်း ပြလိုက် ပြီ ဖြစ် ကာ အခြား ဂိမ်း ၂ ခု ကိုလည်း အားကစား နည်း တွေ အဖြစ် သတ်မှတ် ကာ ပြိုင်ပွဲ အတွင်း ပါဝင် နိုင် စေဖို့ ဆက်လက် ဆောင် ရွက် နေ တယ် လို့ သိရ ပါတယ်။
အီ လက် ထ ရွန်း နစ် အားကစား ဂိမ်း တွေ ရဲ့ ဗျူဟာ ပိုင်း ဆိုင် ရာ အရာ ရှိ လီမင် လီ က တော့ သူတို့ ဟာ E-Sports အား ကစားနည်း တွေ ကို အရှေ့ တောင် အာရှ အဆင့် က နေ ကမ္ဘာ့ အဆင့် ပြိုင် ပွဲ တွေ မှာပါ ထည့်သွင်း ယှဉ်ပြိုင် စေဖို့ အတွက် ဆက်လက် ကြိုးစား သွားမှာ ဖြစ် ပြီး အိုလံပစ် ပြိုင်ပွဲ တွေ အထိ ပစ်မှတ် ထား နေတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။
ထို့အတွက်ကြောင့် မြန်မာ ဂိမ်းဝါသနာရှင် အပေါင်းတို့ ခင်ဗျာ . . . . မြန်မာ့ လက်ရွေးစင် ကစား သမား အဖြစ် နဲ့ ရွှေ တံဆိပ် ဆု တွေ ကို ဆွတ်ခူး ပေး ဖို့ အဆင်သင့် ပြင်ဆင် ထားကြ ပါစို့ ..