1. Home
  2. Myanmar News

ဆရာတော် ဘဒ္ဒန္တကဉ္စနောဘာသာ နှင့် ချစ်ကြိုက်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချခဲ့ဖူးကြောင်း အမျိုးသမီးတစ်ဦး ဖွင့်ဟ

Myanmar News พ.ย. 26, 2561 view 2,006

ဗီဒီယိုဖိုင်တင်လာပါသည် ဗီဒီယို ဖိုင်ထဲတွင် ..

၂၀၁၈ ခုနှစ် ၇ လပိုင်းက လူကြီးစုံရာနှင့် သူမ၏သင်္ကန်းဝတ်ရက်နှင့်ပင် လက်ထပ်ယူခဲ့ကြောင်း ၊တတိယကိုယ်ဝန်ရချိန်၌ သူမနှင့်အတူနေရန်အတွက်ရဟန်းဘဝကို စွန့်၍ လူထွက်လာခဲ့ကြောင်းသူမနှင့် အတူနေထိုင်နေ၍ ၅ ရက်အကြာ ၂၈.၁၀.၂၀၁၈ ၌ဆရာတော် ဘဒ္ဒန္တကဉ္စနောဘာသ  ၏ ညီဖြစ်သူထွန်းထွန်းလင်း (ခ) က လားကြီး ဆိုသူမှ မိခင်ဖြစ်သူအားသွားတွေ့ရန် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ဆရာတော်မှာ ၉ နှစ်သားထဲမှစ၍ သင်္ကန်းစည်းခဲ့သူ ဖြစ်သဖြင့် သူ့မိခင်အား သင်္ကန်းဝတ်နှင့်သာ လိုက်တွေ့ရန် ပြောဆိုကာ ပါလာသော သင်္ကန်းအား ပြန်ဝတ်ခိုင်း၍ ခေါ်သွားခဲ့ပါသည်။

 


နောက်ရက်မှစ၍ လူလဲပြန်လဲမလာ ဖုံးလည်း ဆက်မရသောကြောင့် သူမမှ စိတ်ပူပြီး ညီဖြစ်သူထွန်းထွန်းလင်းအား ဖုံးဆက်မေးရာ “စရဖ မှ ဦးမြင့်ဌေးမှ ဘုန်းကြီးပြန်ဝတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ကိုယ်ဝန်အား ကြိုက်သလို လုပ်နိုင်ကြောင်းပြန်လည်ပြောဆိုခဲ့ပါသည်။ ယခုဆိုလျှင် ရက်ပေါင်း၃၀ နီးပါး ကြာလာပြီ ဖြစ်ပြီး  ဆရာတော် အား ယနေ့အချိန်အထိ ဆက်သွယ်ခွင့် မရတော့ပဲမည်သူကမှ သူတို့မသိကြောင်းသာ ခေါင်းရှောင်နေကြကြောင်း၊ သူမ အနေဖြင့် သူမ ယောင်္ကျား ဖြစ်သူအတွက် စိတ်ပူကြောင်းနှင့်၊ သူမယောင်္ကျားအားကူညီစုံစမ်းပေးပါရန် ဆက်လက်ပြောကြားခဲ့ပါတယ်။

Credit- Zarni Tike



Follow us on