မန်ယူနိုက်တတ်ကို ၃ - ၁ ဖြင့် အနိုင်ယူခဲ့သည်ပွဲမှာ ဒေးဗစ်ဆေလ်ဗားဟာ အကောင်းဆုံး ခြေစွမ်းကောင်း ပြသထားနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျေမီရေးနက် က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အသက် ၃၂ ရှိပြီဖြစ်တဲ့ ဆေးလ်ဗား ဟာ မန်စီးတီး အသင်းအတွက် ခြေစွမ်းပြကစားထားနိုင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးရောက်ရှိမှုမှာ ခရာကျခဲ့ပါတယ်။ ဆေးလ်ဗား ဟာ ၂၀၁၀ ခုနှစ်ကတည်းက မန်စီးတီး အသင်းကိုရောက်ရှိလာပြီး ရီးရဲမက်ထရစ် ၊ ဘာစီလိုနာ တို့မှာ ကစားဖို့ အခွင့်အလမ်း ရရှိခဲ့ပေမဲ့ မန်စီးတီး အသင်းနှင့်သာ နှစ်ကြိမ်တိုင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဂျေမီရေးနက် “သူဟာ ပြောစရာကိုမရှိတော့ပါဘူး ၊ ဘောလုံးကို ဘောလုံးအရည်အသွေးပြည့်ဝသူတစ်ဦးဖြစ်ပြီး ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူပါ ။ ဒေးဗစ်ဆေလ်ဗားဟာ ဇာဗီ ၊ အင်နေစတာ လိုမျိုး တစ်ကယ် ထိပ်တန်းအဆင့်ကို ရောက်ရှိနေပါ ။ ဒီထက်ပိုကောင်းလာဦးမှာပါ ” လို့ပြောခဲ့ပါတယ်။
comment