မနေ့ညက ဂျူဗင်တပ်အသင်းက အေစီမီလန်ကို ၀-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ရဲ့ ပင်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ရန် ဂိုးသမားဆက်ဇီနီကို စီရော်နယ်ဒိုအနေနဲ့ အကြံပေးခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီပွဲမှာ ဂျူဗင်တပ်ဟာ မန်ဆူကစ် ၊ ရော်နယ်ဒို တို့၏ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပါတယ် ။
အဆိုပါပွဲမှာဂျူဗင်တပ်ဟာပွဲချိန်၁၀မိနစ်မှာမန်ဇူကစ်ရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ဖိအားပေးခြင်း ကိုခံခဲ့ရပါတယ်။ပွဲချိန် ၄၁ မိနစ်မှာတော့ အေစီမီလန်အသင်းအနေနဲ့ ပင်နယ်တီရခဲ့ပြီး ဟီဂူအင် ကန်သွင်းခဲ့ပေမယ့် ဂျူဗင် တပ်ဂိုးသမားဆက်ဇီနီက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီလို ကာကွယ်မှုပြုလုပ်နိုင်ခဲ့ဖို့အတွက် စီရော်နယ်ဒိုဆီ မှ အကြံညဏ် တချို့ရရှိခဲ့တယ်လို့ ဆက်ဇီနီက ပြောပါတယ်။
ညကသွင်းယူခဲတဲ့ ဂိုးဟာ စီရော်နယ်ဒိုအတွက် စီးရီးအေသွင်းဂိုး ၈ ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့ ဟီဂူအင်တို့ဟာ ရီးရဲလ် အသင်းမှာ ၄ နှစ်ကြာ အတူကစားခဲ့သူတွေဖြစ်ပြီး ပင်နယ်တီကန်သွင်းမှုမတိုင်ခင်မှာ စီရော်နယ်ဒိုအနေနဲ့ ဆက်ဇီနီကို ဟီဂူအင် ၏ ပင်နတီ ကန်သွင်းတတ်တဲ့ အလေ့အကျင့် တစ်ချို့ကို ပြောပြခဲ့ကြောင်းသိရပါတယ်။
comment