1. Home
  2. Special or Others

သမီးရင်းကို အကြိမ်ကြိမ်သားမယားပြုကျင့် ကိုယ်ဝန်ဖျက်ချစေတဲ့ ဖခင်ကိုဖမ်းဆီး

Special or Others พ.ย. 08, 2561 view 2,592

သမီးအရင်းဖြစ်သူကို အရွယ်မရောက်မီထဲက အကြိမ်ကြိမ် သားမယားပြုကျင့်ကာ အခါခါကိုယ်ဝန်ဖျက်ချစေသည့် အသက် ၄၃ နှစ်အရွယ် ဖခင်အရင်းဖြစ်သူအား မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

အမည်ဖော်ပြထားခြင်းမရှိသော ထိုင်းအမျိုးသားက ၎င်း၏ သမီးဖြစ်သူကို အလယ်တန်းကျောင်းသူ ဘဝထဲက အကြိမ်ကြိမ်သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့ပြီး ယခုအခါ သမီးဖြစ်သူမှာ အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသူပင် ဖြစ်နေပြီဖြစ်သည်။ အဓ္ဓမပြုကျင့်မှုကြောင့် သမီးဖြစ်သူမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ဖျက်ချခဲ့ရသည်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားခံ(ဒူးရင်းသီးတင်ပို့ရောင်းချသူ) ဖြစ်သူဖခင်ကို သူ၏ဇနီးဟောင်း (မိန်းကလေး၏မိခင်) တိုင်ကြားချက်ဖြင့် ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

မိဘနှစ်ပါးမှာ အိမ်ထောင်ကွဲနေကြပြီး အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့သည်။ ဖခင်မှာ သမီး ၂ ဦးနဲ့ အတူနေထိုင်ခဲ့သည်။ အဲဒီနောက် မိခင်ဖြစ်သူက ရာဇဝတ်မှုတစ်ခုနဲ့  ထောင် ၃ နှစ်ကျသွားခဲ့သည်။

ဖခင်နဲ့ အတူနေစဉ် သမီးကြီးဖြစ်သူ အလယ်တန်းကျောင်းသူ ဘဝမှာ ဖခင်က အဓ္ဓမပြုကျင့်ခဲ့ပြီးနောက် ဒီကိစ္စကို ဘယ်သူ့ကိုမျှ ပြန်မပြောရန် နှုတ်ပိတ်ခဲ့သဖြင့် ပြန်မပြောရဲပဲနေခဲ့ရာ ကောလိပ်ကျောင်းသူအရွယ်ပင်ရောက်ခဲ့သည်။

ပထမအကြိမ် ကိုယ်ဝန်ရှိစဉ်က အဖွားဖြစ်သူကို အကြောင်းစုံပြောပြခဲ့သည်။ အဖွားက သူမကို ကိုယ်ဝန်ဖျက်ချရန် ခေါ်သွားခဲ့သည်။ အဲသည်နောက် ဖခင်က အိမ်သို့ပြန်လာရန် အတင်းအကြပ်ပြန်ခေါ်သဖြင့် အိမ်ပြန်ရောက်ခဲ့ရပြီး အလားတူအဖြစ်မျိုး ဒုတိယအကြိမ် ကိုယ်ဝန်ဖျက်ချခဲ့ရပြန်သည်။

အဲဒီနောက် တစ်လလျှင် ၄ ကြိမ်လောက်သာ အတူအိပ်ရန် ဖခင်ဖြစ်သူအား တောင်းပန်ခဲ့ရပြီး ဖခင်ကလည်း သဘောတူခဲ့သည်။ ဒါပေမယ့် သမီးဖြစ်သူမှာ ကြောက်စိတ်ဝင်လာပြီး သူမအနေနဲ့ ချစ်သူရလာပါက ဖခင်က သဝန်တိုပြီး ပြဿနာဖြစ်လာမှာကို စိုးရိမ်နေချိန် မိခင်ရင်းဖြစ်သူကလည်း ထောင်က ပြန်လွတ်လာသဖြင့် ဖွင့်ပြောတိုင်ပင်ခဲ့ရာ မိခင်ဒေါသဖြစ်ပြီး မောင်ချပွန် ရဲစခန်းသို့ သမီးဖြစ်သူပြောကြားသော အသံဖိုင်များ မက်ဆေ့များနဲ့ ပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။



Follow us on