ဒီမိုကရေစီအစိုးရလက်ထပ် ရန်ကုန်တိုင်းဝန်ကြီချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူတွေအတွက် အရေးအကြီးဆုံး နေ့စဉ်ထိတွေနေရတဲ့ ဘတ်စ်ကားစနစ်ကို မ.ထ.သ မှ YBS စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခဲ့ပါတယ်။
ကောင်မွန်အဆင်ပြေတဲ့ YBS မှာ ယာဉ်စီးခကို ပုံးထဲထည့်ရတဲ့ စနစ်ကြောင့် ယခင်ကလို စပယ်ယာတွေရဲ့ ဟိန်းဟောက် ခြိမ်းခြောက်တဲ့ အသံတွေ မရှိတော့တာကြောင့် ပြည်သူတွေ အတော်လေး အဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီပိုင် မော်တော်ယာဉ်လိုင်း (ကားသစ်အဝါ) ကြီးတွေက YBS စနစ်နဲ့ လိုက်လျောညီထွေမှု ရှိနေသော်လည်း တစ်ဦးချင်းပိုင်းများနဲ့ စုဖွဲ့ထားတဲ့ မော်တော်ယာဉ်လိုင်းများကတော့ စည်းကမ်းသတ်မှတ်ချက်နဲ့ မကိုက်ညီတာတွေ များစွာရှိနေပါသေးတယ်။
ကားပြိုင်မောင်းတာ၊ မှတ်တိုင်တွေမှာ ထောက်တာတွေ၊ ယာဉ်စီးခခြင်းတူသော်လည်း အဲယားကွန်းမပါတာ (ပါချင်ယောင်ဆောင်ထားတာ) စတဲ့ အဆင့်မမီတဲ့ မော်တော်ကားတွေကို ပြည်သူတွေ စီနင်းနေရဆဲပါ။ ဒါပေမယ့် အပြောင်းအလဲကာလမို့ သည်းခံနားလည်ပေးထားကြပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့က အွန်လိုင်းပေါ်တက်လာတဲ့ ရုပ်သံတစ်ခုကတော့ ယခင် မ.ထ.သ ခေတ်ကို ပြန်သတိရသွားစေတာအမှန်ပါပဲ။ YBS 16 ယာဉ်လိုင်းပေါ် တက်လာပြီး ခရီးသည်များကို ပိုက်ဆံပုံးထဲ ပိုက်ဆံမထည့်စေပဲ သတ်မှတ်ထားတဲ့ ယာဉ်စီးခထက် ကျော်လွန်ပြီး ခြိမ်းခြောက် ဟိန်းဟောက်ကာ ပိုက်ဆံလိုက်ကောက်နေတာကို အဆိုပါယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာသူက အွန်လိုင်းပေါ်တင်ခဲ့ပြီး ဝေဖန်သူတွေ ပြန်လည် ဝေမျှသူတွေ များပြားတဲ့ ရုပ်သံဖိုင်တစ်ခု ဖြစ်လို့နေပါတယ်။
တာဝန်ရှိလူကြီးမင်းများအနေနဲ့ ဖြစ်စဉ်ကို စုံစမ်းအရေးယူဆောင်ရွက်နိုင်ရန် မူရင်းရေးသားမှုနဲ့အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။
ဒီနေု့ပုသိမ်ကပြန်လာတော့ ဒဂုံဧရာအဝေးပြေးကနေ YBS 16 ကားစီးပြီးမြောက်ဥက္ကလာ့ပြန်ဖို့စိတ်ကူးနဲ့ ybs ကားပေါ်တက်ပုံးထဲငွေ200 ကျပ်ထည့်ပြီးထိုင်နေမိတယ် ဂိတ်စဆိုတော့ ကားမောင်းသမားမရောက်သေးဘူးလေ ခဏနေတော့ လူတစ်ယောက်တက်လာတယ် ပုံးထဲ ပိုက်ဆံဘယ်သူထည့်တာလည်း ထည့်ထားတဲ့လူပြန်လာယူပါ လာမယူရင် ကားပေါ်ကဆင်းပါ ဘယ်သူမှစောက်ဂရုမစိုက်ဘူး ကြိုက်ရင်စီးမကြိုက်ရင်မစီးနဲ့တဲ့ ကိုရောက်နေတာ အင်းစိန်ထောင်လားထင်မှတ်မှားရတယ် ခရီးသယ်တွေကိုလည်ရိုင်းပြစွာဆက်ဆံ တယ် မြောက်ဥက္ကလာကို ကားခဘယ်လောက်တောင်းသွားလည်းဆိုတာ Video သာကြည့်ပါတော့ သူတို့ ဂိတ်ရုံးဖန်းကိုတိုင်ထားတယ် အရေးယူမယူသိရအောင် နောက်နေ့ အဝေးပြေးသွားပြီး စောင့်ကြည့်ဦးမယ်