1. Home
  2. Movie Stars - Celebrity

ဇနီးဖြစ်သူနဲ့ကိစ္စကို အကြောင်းစုံ ပြန်လည်ဖြေရှင်းလိုက်တဲ့ အောင်သူလွင် (Kelvin Kate)

Movie Stars - Celebrity ต.ค. 01, 2561 view 2,906

Kelvin Kate ဆိုတဲ့နာမည်နဲ့ အများကသိကြတဲ့ ဟာသသရုပ်ဆောင် အောင်သူလွင်ဟာ မကြာသေးခင်ရက်ပိုင်းကမှ ဇနီးဖြစ်သူရဲ့ နားကျည်းစွာဖွင့်ဟပြောဆိုချက်တွေကြောင့် အွန်းလိုင်းသုံးစွဲသူပရိသတ်တွေကြား ဝေဖန်မှုများစွာကို ခံနေရတာပဲဖြစ်ပါတယ်။ ထိုဝေဖန်မှုတွေကြောင့် လူမှုကွန်ယက်ပေါ်ကနေ ခေတ္တပျောက်ကွယ်နေခဲ့တဲ့ အောင်သူလွင်တစ်ယောက် ဇနီးဖြစ်သူနဲ့ကိစ္စကို ဗီဒီယိုနဲ့တကွ အကြောင်းစုံပြန်လည်ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။

ဇနီးနဲ့ ကလေးရှိတယ်ဆိုတာ အမှန်တကယ်ဖြစ်ပြီး ရည်မှန်းချက်အိပ်မက်တွေ ရှေ့ဆက်လျှောက်ဖို့အတွက် အိမ်ထောင်သည်ဆိုတာ ဖွင့်ဟချမပြခဲ့ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ နှစ်ဖက်စလုံးရဲ့ မိဘဆွေမျိုးတွေစုံရာရှေ့မှာ လက်ထပ်ထားတာဖြစ်ပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ တိတ်တိတ်ပုန်းဇနီးတစ်ယောက်အဖြစ် ယူထားတာမဟုတ်ဘူးလို့လဲ ဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ဇနီးဖြစ်သူပြောကြားခဲ့တဲ့ မိခင်နဲ့ဖြစ်တဲ့ ပြဿနာတွေကလဲ မဟုတ်မမှန်ကြောင်း အကျိုးအကြောင်းများစွာနဲ့ ပြန်လည်ဖြေရှင်ထားတာဖြစ်ပါတယ်။ 

ဇနီးသည်ရဲ့ဖွင့်ဟချက်တွေဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲထွက်ပေါ်လာတဲ့ ကြော်ငြာအရှုပ်အရှင်း ကိစ္စကိုပါ ဖြေရှင်းပြောကြားခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် အောင်သူလွင်ကိုယ်တိုင် ပြန်လည်ဖြေရှင်ထားတဲ့ ဗီဒီယိုဖိုင်ကိုပါ ဖော်ပြပေးလိုက်ပါတယ်....

 



Follow us on