1. Home
  2. Good Morning Myanmar

မြန်မာဗွီဒီယိုဇာတ်ကားများ မဖြန့်ချိမှီ အွန်လိုင်းပေါ်ပျံ့နှံ့မှုပြသာနာ

Good Morning Myanmar ส.ค. 03, 2558 view 2,674
ဗွီဒီယိုဇာတ်ကားတွေ တရားမ၀င် မဖြန့်ချိခင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့မှုကြောင့် ပြည်တွင်းဗွီဒီယိုအငှားဈေးကွက် ကျဆင်းလာတယ်လို့ သိရပါတယ်။ ခိုးကူးခွေတွေ ကျဆင်းလာချိန်မှာ အွန်လိုင်းပျံ့နှံ့မှုတွေက ဗွီဒီယိုဈေးကွက် ကို ထပ်မံထိခိုက်လာစေတာပါ။
 
မြန်မာဗွီဒီယိုဇာတ်ကားများကို တိတ်ခွေနဲ့ ဖြန့်ချိချိန်က ဗွီဒီယိုခွေအငှားဆိုင်တွေအနေနဲ့ တစ်ရက်ကိုခွေ(၃၀၀)ကျော်ငှားရမ်းနိုင်ခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ တစ်ရက်ကိုအခွေ (၆၀) ခန့်သာငှားရမ်းနေတယ်လို့ သိရပါတယ်။ အခုလိုငှားရမ်းမှုတွေ ကျဆင်းသွားတာကြောင့် အရင်လို ဗွီဒီယိုကားသစ်ဝယ်ယူမှုတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
 
မြန်မာဗွီဒီယိုဇာတ်ကားအငှားဈေးကွက်ဟာ ရုပ်သံလိုင်းများစွာ ထွက်ပေါ်လာမှု၊ ခိုးကူးခွေများနဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားမထွက်ရှိမီ အွန်းလိုင်းပေါ်မှာ တင်မှုတွေကြောင့် ဗွီဒီယိုဈေးကွက် ကျဆင်းမှုတွေရှိနေတယ်လို့သိရပါတယ်။ အဓိကအားဖြင့် ဗွီဒီယိုကားတွေရန်ကုန်မြို့ မဖြန့်မီနယ်မြို့တွေမှာ အရင်ဖြန့်လေ့ရှိပြီး ရန်ကုန်မြို့ကို မရောက်မီအွန်လိုင်းပေါ်မှာအဆိုပါဇာတ်ကားတွေ ရောက်ရှိနေတာကြောင့် ထုတ်လုပ်သူတွေနဲ့ ဗွီဒီယိုငှားရမ်းသူတွေ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။


Follow us on