1. Home
  2. Movie Stars - Celebrity

တရုတ်မင်းသား လုဟန်နှင့်ချွတ်စွတ်တူသော မိန်းကလေး

Movie Stars - Celebrity ก.ย. 27, 2561 view 2,575

Exo အဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ လုဟန်(Luhan) ဟာ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ထွက်ခွာ

ခဲ့ပြီး တစ်ကိုယ်တော် အဆိုတော်၊ သရုပ်ဆောင် အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

အခုလက်ရှိမှာလဲ အောင်မြင်နေဆဲဖြစ်ပြီး ဇာတ်လမ်းတွဲများ

တီဗွီအစီအစဉ်များ ကိုလဲဆက်လက်ရိုက်ကူး လျက်ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာလဲလုဟန်ရဲ့ ပရိတ်သတ်တွေကလဲအများအပြားပါပဲ။ လုဟန်ရဲ့

 ပရိတ်သတ်တွေဟာ အမှတ်မထင်ပဲ ထိုင်းနိုင်ငံမှကောင်မလေးတစ်ယောက်ရဲ့ instagram အကောင့် တစ်ခုကို အရမ်းကို စိတ်ဝင်စား နေကြပါတယ်။ ဘာလို့လဲ ဆိုတော့ အဲ့ကောင်မလေးက လုဟန်နဲ့ တစ်ပုံစံထဲ တူနေလို့ပါ။ အစကတော့ လုဟန်ရဲ့ ဓာတ်ပုံကို ဖိုတိုရှော့ (photoshop) လုပ်ထားတယ်လို့ ထင်ခဲ့ကြပါတယ်။

နောက်မှ သူမနာမည်ဟာ Bebey Chyapha ဖြစ်ကြောင်းနဲ့ ကြော်ငြာမော်ဒယ် တစ်ယောက်ဖြစ် ကြောင်း သူမရဲ့ Instagram စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။ သူမကို လုဟန်နဲ့ တူလို့ လူအများက စိတ်ဝင်စားတာကိုလဲ သူမကသဘောကျပါတယ် သူမကိုအားပေးလို့ ကျေးဇူးတင်ပါတယ်လို့လဲ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ လုဟန်ရဲ့  ပရိတ်သတ်များကလဲ တကယ်ဟုတ်မဟုတ် သိချင်တဲ့အတွက် သူမနဲ့ တွေ့ဆုံခဲ့ကြပြီး Bebey ဟာ လုဟန်နဲ့ တကယ်ချွတ်စွတ်တူကြောင်းကိုလက်ခံခဲ့ကြပါတယ်။ သူမရဲ့ instagram စာမျက်နှာကတော့ bebey_ig ဖြစ်ပါတယ်။

 

 



Follow us on