1. Home
  2. Special or Others

စင်ကာပူတွင် မြန်မာနှစ်ဦး ဒေါ်လာ ၇ သိန်းခွဲ (သိန်း ၉ထောင်နီးပါး) ထီဆုကြီးဆွတ်ခူး

Special or Others ก.ย. 25, 2561 view 2,715

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနှစ်ဦး စက်တင်ဘာလ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့သော စင်ကာပူထီ TOTO ရဲ့ ထီပေါက်စဉ်တွင် ဒုတိယတန်းစား ဆုအမျိုးစား ပေါက်ခဲ့ပြီး စင်ကာပူဒေါ်လာ ၇ သိန်းခွဲခန့် ဆွတ်ခူးသွားကြောင်း စင်ကာပူအသိုင်းအဝိုင်းမှ သတင်းရရှိသည်။


တစ်ပတ်လျှင် ၂ ကြိမ်ဖွင့်လှစ်သော TOTO ထီ၏ ပထမဆုမှာ စင်ကာပူဒေါ်လာ ၈ သန်းဖြစ်ပြီး။ မြန်မာနှစ်ဦးက စပ်တူထိုးခဲ့ကြကာ ထီပေါက်စဉ်တွင် ဒုတိယတန်းစားအုပ်စု ထီနံပါတ်ဖြင့် ထီပေါက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါမြန်မာနှစ်ဦးမှာ ဆီရမ်ဂူးရပ်ကွက်ရှိ ဓါတ်လှေကားပြုပြင်ရေးကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်ကြပြီး ချန်ဂီလေဆိပ် ပရောဂျက်တွင် အလုပ်ဆင်းနေစဉ် နားနေချိန်၌ နှစ်ဦးကံစပ်ပြီးနောက် တစ်ဦးက ၂ ဒေါ်လာ၊ တစ်ဦးက ၁ ဒေါ်လာ စုပြီး အိန္ဒိယအလုပ်သမားလေးတစ်ဦးကို ထိုးခိုင်းခဲ့ရာမှ အခုလို ကံထူးခဲ့ကြောင်း သိရှိရသည်။
၂ ဒေါ်လာစိုက်ထုတ်ခဲ့သူက ဒေါ်လာ ၅ သိန်းနီးပါးနဲ့ ၁ ဒေါ်လာထည့်ဝင်ခဲ့သူက ၂ သိန်းခွဲနီးပါးရရှိမည်ဖြစ်သည်။
လက်ရှိငွေပေါက်ဈေးအရ စင်ကာပူဒေါ်လာ ၇ သိန်းခွဲဆိုလျှင် မြန်မာကျပ်ငွေ သိန်း ၈ ထောင် ၇ ရာကျော် ရရှိမည်ဖြစ်သည်။

သူတို့၏ ထီနံပါတ်များမှာ “06 17 24 29 34 47” ဖြစ်ပြီး ပထမဆု နံပါတ်မှာ “06 08 17 24 29 47” ဖြစ်ပြီး Additional နံပါတ် “34” နဲ့ တူခဲ့တဲအတွက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ အကယ်၍ “၃၄” နေရာမှာ “၈” ဖြစ်ခဲ့ရင်တော့ ဒေါ်လာ ၈ သန်း ကံထူးရှင်ဖြစ်မှာ သေချာပါတယ်။


သားလေး မွေးတာ မကြာသေးတဲ့ အသက် ၄၈ နှစ်အရွယ် ကံထူးရှင် အလုပ်သမား ဟာ ဗေဒင် ဝါသနာယုံကြည်သူ တစ်ဦး ဖြစ်ပြီး သူနဲ့ အတူ ပေါက် မဲ့သူ အသက် ၄၀ အရွယ် လုပ်ဖေါ် ကိုင်ဖက်အား
" တနင်္လာသားတွေ ကံထူးမယ် ထီပေါက်ကိန်းရှိတယ် အဲဒီတော့ မင်းက တနင်္လာသား မင်းနဲ့ငါ ကံစပ်ကြမယ် မင်းမှာ အကြွေ ဘယ်လောက်ရှိလဲ ငါ့မှာ ၁ ဒေါ်လာ ရှိတယ် စပ်ထိုးကြမယ် ဟေ့ " ဆိုပြီး ကြားက ဝေဆု ၂ ဆု ရမဲ့ အသက် ၄၀ အရွယ် မြန်မာအလုပ်သမား က ၂ ဒေါ်လာ စုစုပေါင်း ၃ ဒေါ်လာ ကို အန္ဒိယ အလုပ်သမား အား ပေးလိုက်ပြီး ထိုးခိုင်း လိုက်ရာ မှာ အခုလို ဒုတိယ ဆု တစ်ဆု ( ဒေါ် လာ ၇ သိန်း ခွဲ ကို ဝေဆု အချိုးအစား ၂ ချိုး ၁ ချိုး ခွဲဝေရရှိကြမှာ ဖြစ်ပါတယ်) ။

မနေ့ညက စင်ကာပူ ထီ ပထမဆု ဒေါ်လာ ၈ သန်း ဟာ ပထမဆု ဆွတ်ခူး မဲ့ သူ ပေါ်ထွက်မလာတဲ့ အတွက်ကြောင့် ဒုတိယ ဆုဖြစ်တဲ့ Group 2 ဆု ပေါက်သူ ၁၃ ဦး အား ဆုကြေးငွေ ဒေါ်လာ ၇ သိန်းခွဲနီးပါး စီ ထုတ်ပေးလိုက်တာ ဖြစ်ပြီး မြန်မာ အလုပ် သမား ၂ ဦးဟာ အဆိုပါ ၁၃ဆု ထဲ မှ ၁ ဆု ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။


သတင်း - လောင်အင်း(ခေတ္တစင်ကာပူ)

 



Follow us on