1. Home
  2. Movie Stars - Celebrity

ချစ်သူရဲ့မွေးနေ့အတွက် အကြမ်းစားဆုတောင်းပေးလိုက်တဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity ก.ย. 19, 2561 view 7,429

ပရိသတ်တွေရဲ့အခိုင်အမာချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ကတော့ အနုပညာနယ်ပယ်မှာ ကိုယ်စီအောင်မြင်မှုများစွာကိုသိမ်းပိုက်ထားနိုင်သူတွေဖြစ်ကြပါတယ်။ နှစ်ယောက်သားက လိုက်ဖက်ညီလွန်းလှသလို တစ်ယောက်နဲ့တစ်ယောက်သဲသဲလှုပ်ချစ်မ၀နိုင်ဖြစ်နေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ချစ်သူရည်းစားဖြစ်တာမကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကိုဖန်တီးနေကြတာလဲဖြစ်ပါတယ်။ အချေမင်းသမီးလေးလို့ ပရိသတ်တွေကြားနာမည်ကြီးသူလေး ရွှေမှုန်ရတီက ယနေ့မှာကျရောက်တဲ့ ချစ်သူဖြစ်သူ ရွှေထူးရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန်တောင်းစကားကို အကြမ်းစားလေးဆုတောင်းပေးလိုက်တာကိုတွေ့ရပါတယ်။

ချစ်သူအတွက် ရွှေမှုန်ရတီရဲ့ဆုတောင်းလေးကတော့ “ For my birthday boy…. ကယ် အသည်းနှလုံးမွေးနေ့မှစ ပိုပြီး စိတ်ချမ်းသာပါစေ.. ကျန်းမာရေးပိုကောင်းပါစေ.. ပရိတ်တွေပိုချစ်တဲ့ အနုပညာရှင်လေး ဖြစ်ပါစေ.. မိဘကိုလဲ ဒီထက်မက စိတ်ချမ်းသာအောင်ထားနိုင်ပါစေ.. မိဘကိုဒီထက်ပိုရှာကျွေးနိုင်ပါစေ.. သဲကိုလဲပိုချစ်နိုင်ပါစေ.. မိသားစု ပရိတ်သတ် ပြီးရင် အချစ်ဆုံးက သဲပဲဖြစ်ပါရစေ.. ပိုဂရုစိုက်နိုင်ပါစေ.. ဒီထက်ပိုချော့နိုင်ပါစေ.. သဝန်တိုတာလေးလဲ လျော့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်… အများကြီးလဲချစ်တယ်… ဒီထက်ပို ချစ်နိုင်အောင်လဲကြိုးစားနေပါတယ်… have a happy day my babe. i'll always be with u babe” ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပါတယ်။ အချော့ကြိုက်သူရွှေမှုန်လေးကတော့ ချစ်သူရဲ့အချစ်တွေအားလုံးကိုသိမ်းပိုက်ထားချင်သူလေးပဲနော်...

အဆိုတော်ရွှေထူးကလည်း မွေးနေ့ရက်မြတ်လေးမှာ အလှူအတန်းတွေလုပ်ရင်း ပရိသတ်တွေအတွက် သီချင်းအသစ်လေးတစ်ပုဒ် လက်ဆောင်ပေးမယ်လို့သိရပါတယ်။ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ကတော့ နှစ်ယောက်အတူပျော်ပျော်ရွှင်ရွှင်ခရီးတွေထွက်ရင်း အချစ်နေ့ရက်တွေကို လှပစွာဖြစ်သန်းနေကြပါတယ်။ ပုဂံမှာ ဆင်တူဝတ်စုံလေးဝတ်ပြီး သနပ်ခါးပါးကွက်ကြားနဲ့ ဘုရားစုံဖူးကာ နှစ်ယောက်သားပျော်ရွှင်နေကြတဲ့ ပုံရိပ်တွေကိုလဲ ရွှေမှုန်ရတီက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားပါသေးတယ်။

 

 



Follow us on