ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ကတော့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ အသက် (၃၁) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။ အသားဖြူဖြူဥဥလေးနဲ့ အရုပ်မလေးလိုလှလွန်းတဲ့ နန်းဆုကတော့ မမကြီးတစ်ယောက်လို့မထင်ရလောက်အောင်ကို အချစ်ကြောင့်နုပျိုလန်းဆန်းနေဆဲဖြစ်ပါတယ်။ အမြဲတမ်းဖက်ရှင်ကျကျနဲ့လှပနေတဲ့ နန်းဆုက မွေးနေ့ရက်မြတ်လေးမှာ ချစ်သူနဲ့အတူ ဘုရားသွားကုသိုလ်ပြုရင်း အလှပဆုံးနေ့ရက်လေးတစ်နေ့ကို ဖန်တီးလိုက်ပါတယ်။ မွေးနေ့မှာ အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ ရှင်းသန့်လွန်းနေတဲ့ နန်းဆုကတော့ မြင်ရသူတိုင်းအချစ်ပိုသွားအောင် လှပလွန်းနေပါတယ်။ သူမတင်မက ချစ်သူ G Fatt ကလဲ ပုဆိုးလေးနဲ့ သန့်လွန်းခန့်လွန်းနေတာကြောင့် နှစ်ယောက်သားဟာချစ်စရာကောင်းပြီး လိုက်ဖက်ညီညီနဲ့ ပရိသတ်တွေကိုပါ အလှပဆုံးနေ့ရက်လေးဖြစ်နေစေမှာအမှန်ပါပဲနော်။
“အမြဲပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ်က ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူ တွေနဲ့ အတူတူ ဘဝမှာ အနောက်ကိုပြန်လှည့်ကြည့်မိတဲ့အခါတိုင်း စိတ်ကျေနပ်စရာတွေနဲ့သာ ပြည့်ရပါလို၏ လို့ ဆုတောင်းသလို ဆုတောင်းတွေပြည့်အောင်လည်း အမြဲကြိုးစားနေထိုင်ပါတယ် ကိုယ်ပြုလုပ်ဆောင်ခဲ့ လုပ်ဆောင်နေဆဲ လုပ်ဆောင်သွားမယ့် ကုသိုလ်ကောင်းမှုတွေအားလုံး ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေ အမြဲရကြပါစေလို့ တောင်းဆုပြုရင်း …” ဆိုကာ မွေးနေ့ဆုတောင်းစကားလေးဆိုကာ မွေးနေ့အမှတ်တရပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ ကြည်နူးစရာကောင်းလှတဲ့ နန်းဆုနဲ့ G Fatt တို့ချစ်သူနှစ်ယောက်ရဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။