1. Home
  2. Myanmar News

နဝဒေးတံတားပေါ်က ခုန်ချသွားတဲ့ ပထီဝီမေဂျာက ကောင်မလေး

Myanmar News ก.ย. 12, 2561 view 2,259

စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြည်မြို့ နဝဒေး တံတားပေါ်မှ ဧရာဝတီမြသ်ထဲသို့ မိန်းကလေးတစ်ဦး ခုန်ချကာ မိမိကိုယ်ကိုယ်အဆုံးစီရင်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ခုန်ချခဲ့သူမှာ မလဲ့လဲ့ရီ (၂၀ နှစ်) သဲကုန်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှ ပြည်တက္ကသိုလ်တွင် ပထဝီဝင်အထူးပြုဘာသာတွဲဖြင့် ပထမနှစ်တွင် ပညာသင်ကြားနေသော ကျောင်းသူလေးဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်ပါ အဆိုပါနေ့က မလဲ့လဲ့ရီ က သူမနေထိုင်ရာ အေဝမ်းအဆောင်မှ ထွက်လာခဲ့ပြီး တက္ကသိုလ်မှာ မေဂျာတူတက်ရောက်နေသော သူငယ်ချင်းဖြစ်သူ ကိုဇင်လင်းထက် (ကြို့ပင်ကောက်မြို့နယ်နေထိုင်သူ) အား  ကမ်းနားတွင် ယတြာချေရန် ကိစ္စရှိ၍ လိုက်ခဲ့ရန် ခေါ်ခဲ့ပြီးနောက် နဝဒေးတံတားသို့ ထွက်လာခဲ့ကြသည်။
ထိုနောက် နဝဒေးတံတား တိုင်အမှတ် ၃ တွင် ကိုဇင်ခင်းထက် အား ခဏဟုဆိုကာ သူမ၏ နာရီ၊ လက်ကိုင်ဖုန်းတို့ကို ကိုင်ခိုင်းထားကာ ဖိနပ်ချွတ်ပြီးနောက် ရုတ်တရက် တံတားပေါ်တက်ကာ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု နဝဒေတံတားရဲကင်းမှ ဒုရဲအုပ်သန်းဝင်း ထံမှ သိရှိခဲ့သည်။

မလဲ့လဲ့ရီမှာ လွန်ခဲ့သော တစ်ပတ်က အိမ်ကိုပြန်သွားချိန်တွင် လက်ကောက်ပျောက်ဆုံးခဲ့သဖြင့် မိခင်ကဆူပူ ကြိမ်းမောင်းခဲ့သဖြင့် သူမဝတ်ဆင်ထားသော လက်ဝတ်ရတနာများအားလုံးကို မိခင်ထံ ပြန်ပေးခဲ့ပြီးနောက် အဆောင်ကို ပြန်လာခဲ့ကြောင်းလည်း သိရှိရသည်။

လက်ရှိအချိန်ထိ မလဲ့လဲ့ရီ ကို ဧရာဝတီမြစ်အတွင်း ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ သက်ဆိုင်ရာက ဆက်လက် ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
 



Follow us on