1. Home
  2. International News

၁၈ ဘီးကားကြီးအောက်မှာ ၈ နာရီကြာ ကားခိုးစီးခဲ့တဲ့ အိမ်ပြေးကလေးငယ်

International News ส.ค. 28, 2561 view 2,076

အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးဟာ ၁၈ ဘီးတပ် ကုန်တင်ကားကြီးရဲ့ ဝမ်းဗိုက်အောက် ဝင်ရိုးတန်းကနေ ကားခိုးစီးကာ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ ၈ နာရီကြာမြင့်စွာ လိုက်ပါ ခိုးစီးခဲ့ပြီးမှ သူ့ကို လူတွေက တွေ့သွားခဲ့တာဖြစ်ပါတယ်။
မည်သူမဆို ကားပေါ်မှာ ဇိမ်နဲ့ ၄၊ ၅ နာရီလောက် ထိုင်စီးလာရရင်တောင် ပင်ပန်းလာတတ်ပါတယ်။ ဒီကလေးကတော့ ၈ နာရီကြာအောင် ကုန်ကားဝမ်းဗိုက်အောက်ကနေ ခိုးစီးလာနိုင်တာက သူဟာအိမ်ကနေ ဘယ်လောက်တောင် ထွက်ပြေးချင်စိတ်ပေါက်နေတယ်ဆိုတာကို ထင်ရှားစေပါတယ်။

‘ရှောင့်နန်’ လို့ အမည်ရတဲ့ ကလေးငယ်ဟာ သြဂုတ်လ ည ၁၁ နာရီအချိန်လောက်မှာ ချန်ကျိုးမြို့မှာ ခတ္တလာရပ်နားတဲ့ ၁၈ ဘီးကုန်ကားရဲ့ အောက်ပိုင်း အနောက်ဘက် ဝင်ရိုးပေါ်မှာတွယ်ပြီး လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ သူဟာအဲ့ဒီနေရာမှာပဲ ၈ နာရီလုံးလုံး ခရီးကီလိုမီတာ ၁၀၀၀ လောက်ကို ဘယ်သူကမှ မရိပ်မိပဲ ခိုးစီးလာခဲ့တာပါ။ ကုန်ကားဟာ လမ်းမှာ ခဏတဖြုတ်ရပ်နားတာမျိုးရှိပေမယ့် သူပါလာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။

နောက်တစ်နေ့ နံနက် ၇ နာရီလောက်မှာ ကုန်ကားက ဟန်နန်ပြည်နယ်က စက်ရုံတစ်ခုမှာ ရပ်နားတဲ့အချိန်မှာတော့ ‘ရှောင့်နန်’ ကို စက်ရုံက အလုပ်သမားတွေ တွေ့သွားခဲ့ပြီး ကားအောက်က ထွက်လာဖို့ ပြောပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်။ အတန်ငယ်ကြာမှ တစ်ကိုယ်လုံး စက်ဆီချောဆီတွေ ပေကျံလျှက် ကားအောက်ကနေ ထွင်လာခဲ့ပါတယ်။

အလုပ်သမားတွေက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက သူ့ရဲ့အမည်နဲ့ နေရပ်ကို မေးတဲ့အခါ အစပိုင်းမှာ လုံးဝမပြောပဲ နှုတ်ပိတ်နေခဲ့ပါတယ်။ နောက်တော့မှ သူ့ရဲ့ အမည် ‘ရှောင့်နန်’ ဖြစ်ကြောင်း မိဘနှစ်ပါးက ကွဲနေပြီး အဖေက မနက်ဆိုရင် အလုပ်ထွက်သွားတဲ့အတွက် အဘွားဖြစ်သူနဲ့သာ နေရကြောင်း ပြောဆိုခဲ့ပါတယ်။

သက်ဆိုင်ရာက ဖခင်ဖြစ်သူကို ဆက်သွယ်အကြောင်းခဲ့ပါတယ်။ ကလေးဟာ မိဘမေတ္တာငတ်နေပြီး အထီးကျန်ဝေဒနာခံစားနေရကြောင်း ဖခင်ဖြစ်သူက ပြောပြီး ယခင်ကလည်း အိမ်ကနေ မကြာခဏထွက်ပြေးဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က အဖွားဖြစ်သူ မွေးထားတဲ့ ဘဲတစ်ကောင်ကို သတ်ပစ်တာကြောင့် ဖခင်က ဆူလိုက်မိကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် ‘ရှောင့်နန်’ ကို ဖခင်ဖြစ်သူက သြဂုတ်လ ၂၀ ရက်နေ့တွင် အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
 



Follow us on