1. Home
  2. Myanmar News

YBS ကားပေါ်တွင် စကပ်အခွဲခံရတဲ့ အမျိုးသမီးတစ်ဦး၏ဖြစ်ရပ်

Myanmar News ส.ค. 24, 2561 view 2,187
သြဂုတ်လ ၂၃ ရက်နေ့တွင် အမျိုးသမီးတစ်ဦး YBS Bus ကားပေါ်၌ စကပ်ကိုဓားဖြင့်အခွဲခံရသည်ဟု သူမ၏ Facebook ပေါ်တွင် တင်ထားတာတွေရပါတယ် ။ အရင်ကဆံပင်ဖြတ်သွားတာတို့၊ ပိုက်ဆံအိပ်ခွဲသွားတာတို့ post တွေတက်လာရင် ဖတ်ပြီးစိတ်မကောင်းဘူး ခုကိုယ်ကိုယ်တိုင် လက်တွေ့ကြုံမှပဲ ထူပူပြီး ရှက်တာကလွဲလို့ ဘာမှမသိတော့ဘူးဟု သူမရေးသားခဲ့ပါတယ် ။
 
Facebook ပေါ်တွင် သူမ၏ရေးသားပြောဆိုချက်များအရ " လူတွေစိတ်ဓာတ်တွေအာ့လောက်ပဲအောက်တန်းကျကုန်ကြပြီလားး ....။ လိုင်းကားစီးရင် သတိထားပြီးစီးကြပါ..အရင်ကဆံပင်ဖြတ်သွားတာတို့၊ ပိုက်ဆံအိပ်ခွဲသွားတာတို့ post တွေတက်လာရင် ဖတ်ပြီးစိတ်မကောင်းဘူး ခုကိုယ်ကိုယ်တိုင် လက်တွေ့ကြုံမှပဲ ထူပူပြီး ရှက်တာကလွဲ ဘာမှမသိတော့ပုရယ်.. ။
 
 
ဒီနေ့အနက် လှည်းတန်းကနေ YBS 38 (Aircon Bus ကိုဒီလိုမျိုးတွေမရှိသးဘူး ဆိုပြီး ချီးကျူးနေကာမှ) စီးသွားတာ ကားကကြပ်မြဲကြပ်ဆဲပါ ..အနီးနားရှိတာဆိုလို့ အကောင်တကောင် ရယ် ကောင်မလေးတွေပဲ ရှိတာ အစက သူနဲ့ကိုယ်က ဘေးချင်းကပ် ပြီးတော့ကျောချင်းကပ် ဖြစ်သွားတရ် (ကောင်မလေးတယောက်ကို သူနေရာပေးလိုက်တယ်) ပြီးတော့ သူ့အိတ် ကကိုယ့်ကို လာတိုက်လိုက် သူ့လက်က ကိုယ့်ကို ထိမိသလိုဖြသ်လိုက်နဲ့ဆိုတော့ နောက်တချက် လှည့်ကြည့်လိုက်သေးတယ် ။
လှုပ်ရွနေတာ ငြိမ်ငြိမ်လည်း မနေဘူးပေါ့  (အမိယုတ်အဖယုတ်ရဲ့သားကကိုယ့်စကပ်ကို ဓားနဲ့ခွဲနေတာ အသားကိုလုံးဝမထိဘူး စကေးက) ကိုယ့်ကို အဲ့လိုလုပ်သွားလိမ့်မရ်ဆွာ လည်းမထင်ခဲ့မိဘူးး နှမချင်းမှမစာမနာ လုပ်သွားတာ (အဲ့လိုလုပ်လိုက်တော့ နင့်အတွက် အကျိုးဘာထူးသွားလို့လဲ တကယ် စဉ်းစားမရဘူးးအောက်တန်းကျပုံက) အာ့အထိ ကိုယ်မသိသေး ကိုယ်ကိုယ်တိုင်လည်း ပေါ့ဆမိ ။
 
 
ဘေးပတ်ဝန်းကျင် သတိမထား မိတဲ့ ကို့အကျင့် အာ့ကနေ ကားလည်းရှောင် နေရာရလို့ ထိုင်သွားရော (ထိုင်ခုံကလည်း ငြိစရာ အချွန် ဘာမှမရှိ နေ့တိုင်းစီးနေတာ ဘာမှမဖြစ်တာလေ) မှတ်တိုင်ဆင်းတော့ စိတ်ထဲ တခုခု ဖြစ်နေရော ဒါမဲ့မသိရသေး နောက်မှ ကောင်မလေးတယောက်ပြောမှပဲ သိတော့တယ် (သိသိချင်းလူကိုအတောင့်လိုက်ကြီး ထူပူပြီး ဘာဆက်လုပ်ရမှန်းမသိ) နောက်မှ စကပ်ကို ဘေးလှည့် ပခုံးလွယ်တဲ့အိတ်နဲ့ကာပြီး ဆက်သွား ရုံးနားနီးလို့မှတော်သေးး စောစောစီးစီးးUnlucky day ပဲ Fluck ပဲ ငလူးကောင် " ဟု သူမ၏ status တွင် တွေ့ ရပါတယ် ။
 
Source : Htal Wah Hmue


Follow us on