ယောကျာ်းထုကြီးရဲ့အသဲတစ်ခြမ်းဖြစ်တဲ့ ခေးကြီးလုလုအောင်ကတော့ အနုပညာလောကမှာ sexy model တစ်ယောက်အဖြစ်ရပ်တည်နေသူဦးဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အလှတို့ကို မလုံ့တလုံပုံရိပ်လေးတွေနဲ့ဖမ်းစားလေ့ရှိတဲ့လုလုက ပုရိဿတွေရဲ့ အပြည့်အ၀၀န်းရံအားပေးခြင်းကို ခံထားရသူလဲဖြစ်ပါတယ်။ Sexy ဆန်ဆန်ပုံရိပ်တွေကိုပဲအမြဲတင်လေ့ရှိတဲ့ လုလုက ယခုတစ်ခါမှာတော့ လုံလုံခြုံခြုံဝတ်စားထားတဲ့ပုံလေးတွေကို သူမရဲ့ပရိသတ်တွေကို မျှဝေရင်း “ဒေါ်လာဈေးတေလိုပဲ ခင်နဲ့မောင့်အချစ်တေလည်း ခပ်ကြမ်းကြမ်းတိုးတိုးပီးချစ်စို့လား” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။