1. Home
  2. Movie Stars - Celebrity

Train To Busan နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကား မကြာမီလာမည်

Movie Stars - Celebrity ส.ค. 16, 2561 view 3,127

၂၀၁၆ ခုနှစ် သြဂုတ်လတွင်းက ထွက်ရှိခဲ့တဲ့ ကိုးရီးယား ရုပ်ရှင်ဇာတ်ကား “Train To Busan” ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဘူဆန်မြို့ကို ထွက်ခွာတဲ့ ရထားပေါ်မှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေက သွေးစုပ်ဖုတ်ကောင်များအသွင်ပြောင်းသွားပြီး ရထားတစ်စီးလုံး တိုက်ခိုက်ခံရတဲ့ကြားကနေ လွတ်မြောက်အောင် ကြိုးစားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အဆက်ဖြစ်လာမယ့် ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးမယ်ဆိုတဲ့သတင်းကို အတည်ပြုနိုင်ခဲ့ပါပြီ။ ဒီတစ်ခါဇာတ်အိမ်က ပိုပြီးကြီးလာဖွယ်ရာရှိပြီး တစ်မြို့လုံးမှာ သွေးစုပ်ဇွန်ဘီတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်း ဖြစ်လာမှာပါ။
ဒါပေမယ့် “Train To Busan” မှာ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်ခဲ့ကြတဲ့ Gong Yoo, Ma Dong-seok, Jung Yu-mi တို့ကတော့ ပြန်လည် ပါဝင်လာမှာမဟုတ်ပါဘူး။

“Train To Busan” ဟာ ကိုရီးယားစကားပြောရုပ်ရှင် ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ပရိသတ်ရုံဝင်မှု သမိုင်းမှာ ကြည့်ရှုသူ ၁၁ သန်းကျော်နဲ့ မှတ်တမ်းသစ် တင်နိုင်ခဲ့ပါတယ်။

“Train To Busan” ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားသစ်ကို နောက်နှစ်မှာ စတင်ရိုက်ကူးမှာဖြစ်လို့ မကြာမီလာမည် မျှော်ကြပါဦးစို့..။

 



Follow us on