ကျစ်လစ်တောင့်တင်းလှပတဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကိုပေါ်လွင်စေမယ့် အ၀တ်အစားတွေကို ၀တ်ဆင်လေ့ရှိပြီး သူမရဲ့ကောက်ကြောင်းအလှတို့ကို ပြသလေ့ရှိသူပါ... ဘယ်လိုဝတ်စုံမျိုးကိုဝတ်ဝတ် အမြဲယုံကြည်မှုအပြည့်ရှိနေတဲ့ သင်ဇာကတော့ ယခုလဲ အနက်ရောင်ဖက်ရှင်ဒီဇိုင်းနဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်လိုက်ပြန်ပါပြီ။ All black ဖက်ရှင်နဲ့ လန်ပြီးရင်းလန်းနေတဲ့ သင်ဇာရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မကြာသေးခင် ရက်ပိုင်းကလည်း ပွဲတစ်ခုကို တတ်ရောက်ခဲ့တယ့် သင်ဇာရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ဂယက်ထမှုဖြစ်ခဲ့ပါသေးတယ်။ အနက်ရောင် ဇာအကျီင်္အောက်က သူမရဲ့ရင်နှစ်မွှာဟာ အတိုင်းသားမြင်နေရတယ်ဆိုပြီး ပြင်းထန်တဲ့ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပြီး သူမဘက်ကရပ်တည်ပေးတယ့် ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့ခေါ်ယူသတိပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။