1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေ အားကျသွားရမယ့် မနဲ့မောင်စုံတွဲလေး G Fatt နဲ့ နန်းဆုရတီစိုး

Movie Stars - Celebrity ก.ค. 23, 2561 view 2,412

ဂီတလောကမှာရော သရုပ်ဆောင်နယ်ပယ်မှာပါ နာမည်ရအောင်မြင်ကျော်ကြားတဲ့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ ယနေ့ခေတ်ဂီတလောကမှာ နာမည်ရအောင်မြင်ကျော်ကြားပြီး လူငယ်ပရိသတ်တွေကြား ရေပန်းစားတယ့် အဆိုတော်ဂျီဖက်တို့ စုံတွဲလေးကတော့ အနုပညာလောကထဲက မနဲ့မောင်စုံတွဲလေး ဖြစ်ပါတယ်။ ငယ်ရွယ်သွက်လက်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တာကြောင့် သူတို့နှစ်ဦးစလုံးရဲ့ ပရိသတ်တွေကတော့ သဲသဲလှုပ်ချစ်လို့နေပါတယ်။

အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေးနဲ့ အရုပ်မလေးတစ်ရုပ်လို လှလွန်းတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ နန်းဆုက ချစ်သူဂျီဖက်နဲ့အတူတူရိုက်ကူးထားတဲ့ မင်္ဂလာဝတ်စုံလေးနဲ့ ပုံလေးတွေကို သူမရဲ့လုမှုကွန်ယက်မှာတင်လိုက်ပါတယ်။ ပုံလေးတွေက ဂျီဖက်ရဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” ဆိုတဲ့ Music Video လေးရိုက်ကူးတုန်းက ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေဖြစ်ပြီး ပရိသတ်တွေကတော့ နှစ်ယောက်လုံးကို ချစ်လို့မဆုံးဖြစ်နေကြပါတယ်... ချစ်စရာကောင်းတဲ့ မနဲမောင်စုံတွဲလေးဖြစ်တဲ့ နန်းစုနဲ့ ဂျီဖက်တို့ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒါ့အပြင် ဂျီဖက်က “အကယ်၍ လက်ထပ်ကြတဲ့အခါ”  သီချင်း MTV လေးကို ဇူလိုင်လ (၂၂)ရက်နေ့က အွန်လိုင်းပေါ်မှာတင်ပေးခဲ့ကာ ထိုဗီဒီယိုလေးကို ကြည့်ရှုသူပေါင်း (၆) သိန်းကျော်သွားရှိသွားပြီဖြစ်ပါတယ်... နန်းဆုတို့ချစ်သူနှစ်ဦးကိုယ်တိုင် ရိုမန့်တစ်ဆန်စွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းဗီဒီယိုလေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်။ နန်းဆုနဲ့ ဂျီဖက်တို့ကိုကြည့်ပြီး အပျော်လေးတွေကူးစက်သွားမယ်နော်....

 

 

 

 



Follow us on