1. Home
  2. International News

ရထားစီးခရီးသည် အမျိုးသမီးတစ်ဦး ရုပ်တရက် သွေးစုပ်ကောင်အဖြစ် အသွင်ပြောင်း

International News ก.ค. 20, 2561 view 2,102

“Train to Busan” ဆိုတဲ့ ကမ္ဘာကျော် ကိုရီးယားရုပ်ရှင် ဇာတ်ကားအတိုင်း တရုပ်နိုင်ငံရဲ့ အမြန်ရထားတစ်စီးပေါ်မှာ ခရီးသည်အမျိုးသားတစ်ဦးကို အမျိုးသမီးတစ်ဦးက တိုက်ခိုက်ကာ မျက်နှာကို ကိုက်ပြီး သွေးစုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဇူလိုင်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

တရုပ်နိုင်ငံ ချောင်ကွင်းအမြန်ရထားပေါ်တွင် “Lee” ဟု အမည်ရသော အမျိုးသမီးက အသက် ၅၆ နှစ်အရွယ် “Mr Gao” ဆိုသူ အမျိုးသားကြီး၏ ပေါင်ပေါ်သို့ ရုတ်တရက် တက်ခွထိုင်ကာ မျက်နှာကို နမ်းသလို ပြုလုပ်ခဲ့ပြီးနောက် ကိုက်ဆွဲထားခဲ့ပါတယ်။ အနီးရှိခရီးသည်များလည်း ကြောက်လန့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ Mr Gao က သူမကို အတင်းတွန်းဖယ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုက်ခံထားရတဲ့ ဒဏ်ရာကြောင့် ​သွေးတွေဟာ ရထားရဲ့ကြမ်းပြင်ပေါ် ကျနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးက ကြမ်းပြင်ပေါ်က သွေးကွက်များကို ဒူထောက်ထိုင်ကာ အားရပါးရ လျက်နေပါတယ်။ အခြားခရီးသည်များလည်း ထိတ်လန့်ပြီး အနားမကပ်ရဲခဲ့ပါဘူး။

သွေးတွေကို လျက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ အဝတ်အစားတွေအားလုံးကို ချွတ်ချခဲ့ပြီး ရထားတွဲပေါ်မှာ ကားယားကြီး မတ်တပ်ရပ်နေခဲ့ပါတယ်။ ရထားတွဲ ဝန်ထမ်းများက အခြေနေကို သတင်းပို့ခဲ့တာကြောင့် နောက်တစ်ဘူတာမှာ သူမကို ဖမ်းဆီးထိမ်းသိန်းနိုင်ခဲ့သလို အကိုက်ခံရသူ Mr Gao ကိုလည်း ဆေးရုံအမြန်ပို့ခဲ့ရပါတယ်။

ပြည်တွင်းသတင်းတွေအရ အဆိုပါအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေသူဖြစ်ပြီး စိတ်လွတ်ကာ ရထားပေါ်က အမျိုးသားကြီးကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ ဖြစ်စဉ်အမှန်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 



Follow us on