1. Home
  2. Concerts & Events

ဒဏ္ဍာရီထဲကဓားသမား “The Legendary Swordsman” ပြန်လာပြီ

Concerts & Events ก.ค. 10, 2561 view 2,483

ရုပ်ရှင်ဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲများအဖြစ် အကြိမ်ကြိမ် ပုံဖော်ရိုက်ကူးခဲ့တဲ့ “The Legendary Swordsman”(ဒဏ္ဍာရီထဲကဓားသမား) ကို မတူညီတဲ့ ဖန်တီးမှု ပုံစံအသစ်နဲ့အတူ ခမ်းနားတဲ့ ပြဇာတ်အသွင်နဲ့ ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။

Bec-Tero Entertainment က စီစဉ်တင်ဆက်လိုက်တဲ့ “The Legendary Swordsman” ပြဇာတ်ဟာ တရုပ်စာရေးဆရာကြီး Louis Cha ရဲ့ ဝတ္ထုဇာတ်လမ်းကို ပြန်လည်အသက်သွင်းထားပြီး ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ လုံးဝမပါပဲ ပရိသတ်ရဲ့ မျက်စိရှေ့မှောက်မှာ တရုပ်နန်တွင်း သိုင်းဇာတ်ကားများအတိုင်း လေပေါ်ပျံဝဲကာ ခုန်ပျံ၊ ထိုးခုတ် တင်ဆက်မှာပါ။

“The Legendary Swordsman” ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maung Thong Thani ရှိ Thunder Dome ဇာတ်ရုံကြီးမှာ အောက်တိုဘာလ (၅ ရက်မှ ၇ ရက်) (၉ ရက်မှ ၁၄ ရက်)ထိ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။

ဒီပြဇာတ်ကြီးကို ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်မှာလည်း Bec-Tero က ထိုင်းနိုင်ငံမှာ တင်ဆက်ခဲ့ဖူးပြီး ပရိသတ် တစ်သိန်းကျော် ရင်သပ်ရှုမောစွာ အားပေးကြည့်ရှုခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ပြန်လည်ဆန်းသစ်မှုတွေနဲ့အတူ ပရိသတ်ထံကို တစ်ဖန်ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုမိုသွက်လက်မြူးကြွတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ မြင်တွေ့ခံစားမယ်လို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။

သမားရိုးကျ တင်ဆက်မှုမျိုးမဟုတ်ပဲ ဆပ်ကပ်ဆန်ဆန် ကြိုးတန်းများနဲ့ လေပေါ်ပျံဝဲ ကပြတင်ဆက်မယ့် ပြဇာတ်တစ်ပုဒ်ဖြစ်လို့ ဇာတ်လမ်းကပေးတဲ့ ရသအပြင် ရင်သပ်ရှုမောဖွယ်ရာ ကကွက်ဆန်းများကို ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ (၅ ရက်မှ ၇ ရက်) (၉ ရက်မှ ၁၄ ရက်)ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maung Thong Thani ရှိ Thunder Dome ဇာတ်ရုံကြီးမှာ တစ်ရက်မှာ နှစ်ပွဲ (နေ့လည် ၂:၃၀ နှင့် ညနေ ၆:၃၀) ကပြတင်ဆက်မှာ ဖြစ်ပါတယ်။

 

လက်မှတ်ဈေးနှုန်းမျာက ထိုင်းဘတ်ငွေ ၇၀၀၊ ၉၀၀၊ ၁၂၀၀ နဲ့ ၁၅၀၀ တို့ဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူလိုသူများအနေနဲ့ ThaiTicketMajor လက်မှတ်အရောင်းဌါန (သို့မဟုတ်) www.thaiticketmajor.com တို့မှာ ဝယ်ယူနိုင်သလို ဖုန်းနံပါတ် ၀-၂၂၆၂-၃၈၃၈ မှာလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



“The Legendary Swordsman”


နေ့ရက် - ၂၀၁၈ အောက်တိုဘာလ (၅ ရက်မှ ၇ ရက်) (၉ ရက်မှ ၁၄ ရက်)

အချိန် − နေ့လည် ၂:၃၀ ၊ ညနေ ၆:၃၀
နေရာ - Thunder Dome, Maung Thong Thani

လက်မှတ်ဝယ်ယူရန်
www.thaiticketmajor.com
ဖုန်း - ၀-၂၂၆၂-၃၈၃၈ (ထိုင်း)
ဖုန်း - ၀၁ ၉၄၅ ၂၉၇ (မြန်မာ)

 



Follow us on