အရင်သင်ခန်းစာတုန်းက January နဲ့ February လတွေကိုသင်ပေးပြီးပြီဆိုတော့ အခုနောက်ထပ် လသုံးလ ကိုလေ့လာကြမယ်နော်။
MARCH = မတ်
APRIL = ဧပြီ
MAY = မေ
ဒီ March, April နဲ့ May လတွေက နွေရာသီဖြစ်လို့ အရမ်းပူပါတယ်။ ဒါကြောင့် အပူသက်သာစေဖို့ ကလေးတို့ ကိုယ်တိုင် ယပ်တောင်လေးတွေလုပ်နိုင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ရောင်စုံစက္ကူ၊ တုတ်ချောင်း ၂ချောင်း နဲ့ ကော်တို့ပဲဖြစ်ပါတယ်။ ရောင်စုံစက္ကူလေးတွေကို အလျားလိုက် လက်တစ်လုံးအရွယ် အခေါက်လေး တွေခေါက်ပါ။ ပြီးရင် စက္ကူခေါက်လေးတွေ တစ်ခုနဲ့တစ်ခုကို ကော်နဲ့ကပ်ပါ။ အနည်းဆုံး စက္ကူခေါက် ၃ခု လောက် ခေါက်ဖို့လိုပါတယ်။ ပြီးရင် အောက်ဆုံးစက္ကူခေါက်မှာ တုတ်လေးနှစ်ချောင်းကို တစ်ဖက် တစ်ချောင်းစီ ကော်နဲ့ကပ်ပါ။ ရောင်စုံလှပတဲ့ ယပ်တောင်လေး ရပါပြီ။
အပိုင်း B ရဲ့ video link ကတော့ - https://www.youtube.com/watch?v=zhspJpm8anA
အပိုင်း C ရဲ့ video link ကတော့ - https://www.youtube.com/watch?v=9FmXLnV9LuM