1. Home
  2. Woman To Woman

ချစ်သူအဖြစ် လုံးဝလက်မခံသင့်တဲ့ လူမျိုး

Woman To Woman มิ.ย. 22, 2561 view 1,619

သင်ဟာ ကောင်လေးတစ်ယောက် ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ဖို့ စိတ်ဝင်စားနေပြီလား..?
“ရင်ခုန်ရင်အချစ်ပဲကွယ်” ဆိုတဲ့ သီချင်းလို နှလုံးသားက ‘လှပ်လှပ်’ ‘လှပ်လှပ်’ နဲ့ ခုန်နေရုံနဲ့ နှလုံးသားအလိုဆန္ဒအတိုင်း စိတ်စောပြီး ချစ်သူအဖြစ် ချက်ခြင်းကြီးတော့ လက်မခံလိုက်ပါနဲ့ဦး (အကယ်၍ တစ်ဘဝစာ)လို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင်ပေါ့လေ..။

ခံစားချက်နောက် ကောက်ကောက်ပါအောင်လိုက်ရင်း အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ပင်လယ်ပြင်သင်္ဘောပျက်ရတဲ့ အဖြစ်တွေ အများကြီးသာဓက ရှိနေပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ချစ်သူအဖြစ် ရွေးချယ်ခဲ့တဲ့နေရာမှာ နှလုံးသားရှုထောင့် တစ်ခုကနေပဲ ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြလို့ဖြစ်ပါတယ်။

အကယ်၍ တစ်ဘဝစာ ဆုံးဖြတ်တော့မယ်ဆိုရင် အခြားရှုထောင့်တွေကလည်း ကြည့်ရှုပြီး သူဟာကိုယ့်အတွက် မှန်ကန်တဲ့ လက်တွဲဖော်ဖြစ်နိုင်ရဲ့လားဆိုတာကို လေ့လာကြည့်ဖို့လိုပါတယ်။ ဘယ်လိုအချက်အလက်တွေပေါ် လေ့လာအကဲဖြတ်ရမလဲ..၊ ဘယ်လိုလူမျိုးကိုတော့ အချစ်ရေးမှာ လုံးဝ ထည့်မစဉ်းစားသင့်ဖူးလဲဆိုတာကို အချစ်ဒသနဆရာမကြီးလည်းဖြစ်၊ စူပါမော်ဒယ်လည်းဖြစ်တဲ့ သန္တာလှိုင်က ခေတ်သစ်ပျိုမေ အစီစဉ်ကနေ သုံးသပ်တင်ပြပေးထားပါတယ်။
 



Follow us on