1. Home
  2. Myanmar News

ရန်ကုန်-ဒလ သမ္ဗာန်တစ်စင်းနစ်မြုတ် ခရီးသည် (၄)ဦး ပျောက်ဆုံးနေ

Myanmar News มิ.ย. 14, 2561 view 2,159

ရန်ကုန်ဘက်ခြမ်း စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ် ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော ခရီးသည်တင် စက်တပ်သမ္ဗာန်တစ်စီး ရန်ကုန်မြစ်အတွင်း နစ်မြုတ်ခဲ့ရာ လူ ၄ ဦး ပျောက်ဆုံးလျှက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်နေ့ ည ၈:၂၀ အချိန်ခန့်က ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်နေ ကျော်မင်း(၄၄)နှစ် မောင်းနှင်သော စက်လှေအမှတ် (သမ/၃)သည် ခရီးသည် ၁၁ ဦးတင်ဆောင်လျှက် စဉ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်ခဲ့ရာ ရန်ကုန်မြစ်အတွင်း ဆူးလေဂျက်တီအမှတ်(၂/၃)အရှေ့ ရေပြင်အရောက်တွင် စက်ပျက်၍ ရေစီးနှင့်အတူ မျှောပါခဲ့ရာမှ ဂျက်တီတွင် ဆိုက်ကပ်ထားသည့် CB တွဲအောက်သို့ ဝင်ရောက်ခဲ့ပြီး စက်လှေမှာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

စက်လှေနစ်မြုတ်ခဲ့သည့် သတင်းအရ ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နစ်မြုပ်သွားသည့် စက်လှေပေါ်လိုက်ပါလာသော ခရီးသည် (၁၁)ဦးနှင့် စက်လှေ မောင်းတို့အား လိုက်လံရှာဖွေရာ စက်လှေမောင်းအပါဝင် ခရီးသည်(၇)ဦး စုစုပေါင်း (၈)ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ခရီးသည်
(၄)ဦးမှာ ပျောက်ဆုံးလျက်ရှိသဖြင့် ရန်ကုန်မြစ်အတွင်း ပူးပေါင်းအဖွဲ့မှ
ဆက်လက်ရှာဖွေလျက်ရှိသည်။

စက်လှေကိုပေါ့လျော့စွာ မောင်းနှင်သူ ကျော်မင်းအား ဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Police မှ သတင်းရရှိသည်။



Follow us on