1. Home
  2. Myanmar News

YBS 93 ပေါ်တွင် ရမ်းကားနေသူတစ်ဦးကို ခရီးသည်များကဝိုင်းဖမ်း

Myanmar News มิ.ย. 07, 2561 view 2,252
ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးသည် ခရီးသည်အတက်အဆင်းများခြင်းကို အကြောင်းပြုကာ ယာဉ်မောင်းဖြစ်သူအား ဆဲဆိုကြိမ်းမောင်းခဲ့သည်ကို ကား CCTV တွင်တွေ့ ရမှာဖြစ်ပါတယ် ။ (  ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ မြောက်ဥက္ကလာမြို့နယ် (၆) ကွေ့မှတ်တိုင် သို့မဟုတ် ဧရာမှတ်တိုင်ခန့်မှ ယာဉ်ပေါ်သို့လိုက်ပါလာသော အသက် (၃၅) နှစ်ခန့် အမျိုးသားတစ်ဦးသည် လူကြပ်ခြင်း၊ ခရီးသည်အတက်အဆင်းများခြင်းမှ အစပြုကာ ယာဉ်မောင်းဖြစ်သူအား ကားကို မြန်မြန်မောင်းခိုင်းပြီး ဆဲဆိုကြိမ်းမောင်းခဲ့ပါသည်။ ထို့အပြင် ယာဉ်၏အတက်အပေါက်အနီးမှ ခရီးသည်ထိုင်ခုံကို ကာရံထားသော သံပြားကိုလည်း လက်သီးဖြင့်ထိုးခဲ့ပါသည်။
 
 
၎င်းရမ်းကားသူ၏ အပြုအမူ၊ အပြောအဆိုများကို ယာဉ်ပေါ်ရှိ အခြားသောခရီးသွားပြည်သူများက ဝင်ရောက်တားမြစ်ပြီး ကားကို နီးစပ်ရာရဲစခန်းသို့မောင်းနှင်ရန် ဝိုင်းဝန်းပြောဆိုခဲ့ကြပါသည်။ ၄င်းရမ်းကားသူနှင့် ယာဉ်ပေါ်ရှိခရီးသွားပြည်သူများ အပြန်အလှန်ပြောဆိုရာမှ ပုဇွန်တောင်စာတိုက်မှတ်တိုင်အရာက်တွင် ခရီးသွားပြည်သူများမှ ဝိုင်းဝန်းကူညီမှုကြောင့် ၄င်းရမ်းကားသူသည် ကားပေါ်မှ ဆင်းပြေးခဲ့ပါသည်။
 
 
ထို့နောက် ယာဉ်ကိုဆက်လက်မောင်းနှင်လာခဲ့ရာ ပုဇွန်တောင်ဈေးမှတ်တိုင်အရောက်တွင် ၄င်းရမ်းကားသူသည် နောက်မှပါလာသော YBS 93 တစ်စီးပေါ်တွင် ဆက်လက်လိုက်ပါလာခဲ့သည်ကို တွေ့ရှိရသဖြင့် ရဲစခန်းအနီးတွင် ကားနှစ်စီးလုံးရပ်တန့်ကာ ခရီးသွားပြည်သူများ ဝိုင်းဝန်းဖမ်းဆီးချိန်တွင် ၄င်းရမ်းကားသူ ထပ်မံထွက်ပြေးခဲ့ပါသည်ဟု သိရသည် ။


Follow us on