1. Home
  2. Myanmar News

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးပို့ဆောင်ခဲ့သူ အဓိကတရားခံ မောင်မောင်(ခ) Hj Yassin အားဖမ်းဆီး ရရှိမိပြီ

Myanmar News มิ.ย. 06, 2561 view 1,936

မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ
ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို
ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့သူ အဓိကတရားခံ မောင်မောင်(ခ) Hj Yassin အား ဇွန်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


တာမွေ မြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ အဓိက တရားခံ ရှာ်ရိတ်အာမောက်၏သား မောင်မောင် (ခ) Hj Yassin (၄၄) နှစ် သည် မေလ ၃၀ ရက်နေ့ ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်း ရှာဖွေလျက်ရှိရာ ၅-၆-၂၀၁၈ ရက်နေ့ည ၁၁:၃၀ နာရီ အချိန်တွင် ပြင်ဦးလွင် မူးယစ် တပ်ဖွဲ့စု (၁၆) က တရားခံပြေးဖြစ်သူ မောင်မောင် (ခ) Hj Yassin အားဖမ်းဆီး ရရှိမိခဲ့ပြီဖြစ်ကြောင်း ရွှေတံခါးမှူးချစ်သူမီဒီယာမှ သိရှိရပါသည်။



Follow us on