ဒီတစ်ပတ်မှာတော့ ပြိုင်ပွဲဝင်၎ယောက်သာကျန်ရှိပါတော့တယ်။ သူတို့ ၄ ယောက်ကတစ်ယောက်လျှင်သီချင်း (၂)ပုဒ်သီဆိုရမှာဖြစ်ပါတယ်။ ဘယ်လိုမျိုး theme တွေနဲ့သီဆိုရမယ်ဆိုတော့
(၁) ပုံပြင်ဇာတ်လမ်းသဖွယ်သီကုံးထားတဲ့သီချင်း
(၂) သူတို့အကြိုက်ဆုံးသီချင်း ဆိုရမှာဖြစ်ပါတယ်။
----------------------------------------------------------------------------
Jenevy
Jenevy ကတော့ "ပုံပြင်ထဲကကလေးလေး" ဆိုတဲ့ သီချင်းနဲ့"မှားပြန်တယ်" ဆိုတဲ့သီချင်းနှစ်ပုဒ်ကို ရွေးချယ်ထားပါတယ်။ "ပုံပြင်ထဲကကလေးလေး" ဆိုတဲ့သီချင်းကို တေးရေး မြင့်မိုးအောင် ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်ကတော့ ချမ်းချမ်း ဖြစ်ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ "မှားပြန်တယ်" သီချင်းလေးကတော့ တေးရေး မင်းချစ်သူ ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်က တော့ တင်ဇာမော်ဖြစ်ပါတယ်
အောင်ထက်
အောင်ထက် ကတော့ "ပျော်တာပေါ့အမေရယ်" ဆိုတဲ့ သီချင်းနဲ့"မဟာ" ဆိုတဲ့သီချင်းနှစ်ပုဒ်ကို ရွေးချယ်ထားပါတယ်။ "ပျော်တာပေါ့အမေရယ်" ဆိုတဲ့သီချင်းကို တေးရေး/တေးဆို လွမ်းမိုး ကရေးစပ်သီဆိုထားချင်းဖြစ်ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ "မဟာ" သီချင်းလေးကတော့ တေးရေး မြသန်းစံ ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်ကတော့ ဇော်ဝင်းထွဋ် ဖြစ်ပါတယ်
Adam
Adam ကတော့ "စောင့်မျှော်လျက်ပါချစ်သူ" ဆိုတဲ့ သီချင်းနဲ့"မညာတော့ဘူး" ဆိုတဲ့သီချင်းနှစ်ပုဒ်ကို ရွေးချယ်ထားပါတယ်။ "စောင့်မျှော်လျက်ပါချစ်သူ" ဆိုတဲ့သီချင်းကို တေးရေး ကောင်းကောင်း ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်ကတော့ အိုင်းရင်းဇင်မာမြင့် ဖြစ်ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ "မညာတော့ဘူး" သီချင်းလေးကတော့ တေးရေး လေးလေးဝါး ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်ကတော့ နွဲ့ယဉ်ဝင်း ဖြစ်ပါတယ်
သားဂန်း
သားဂန်း ကတော့ "အရင်ကဇာတ်လမ်း" ဆိုတဲ့ သီချင်းနဲ့"ဖန်သားနန်းတော်" ဆိုတဲ့သီချင်းနှစ်ပုဒ်ကို ရွေးချယ်ထားပါတယ်။ "စောင့်မျှော်လျက်ပါချစ်သူ" ဆိုတဲ့သီချင်းကို တေးရေး ကိုအောင် ကရေးစပ်ထားပြီး၊ မူရင်းအဆိုရှင်ကတော့ ဟန်ထွန်း ဖြစ်ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ "ဖန်သားနန်းတော်" သီချင်းလေးကတော့ တေးရေး/တေးဆို အစိုင်း(Black Hole) ကရေးစပ်သီဆိုထားချင်းဖြစ်ပါတယ်။