ပထမဦးဆုံး ကျိုက်ထီးရိုးတောင်တက် ကေဘယ်လ်ကားများကို တည်ဆောက်ပြေးဆွဲနေတဲ့ Sky Asia ကုမ္ပဏီက ကေဘယ်လ်ကားများ၏ လုံခြုံရေးနဲ့ ပက်သက်ပြီး ကောလဟာပြောဆိုနေမှုများအပေါ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂၄ ရက်နေ့က ကျိုက်ထိုမြို့နယ် ရသေ့တောင်စခန်း ကင်ပွန်းချောင်း ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး Sky Asia ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်သန်းက ကေဘယ်လ်ကားများ၏ စိတ်ချလုံခြုံမှုကို ၁၀၀% ရာနှုန်းပြည့်အာမခံကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Photo Credit: The Myanmar Times