1. Home
  2. Myanmar News

၅ တန်းကျောင်းသူ မွေးစားသမီးကို ၇ ကြိမ်မြောက်အဓ္ဓမကျူးလွန်စဉ် အဒေါ်ဖြစ်သူနဲ့ပက်ပင်းတိုး

Myanmar News เม.ย. 19, 2561 view 1,912

၆လသမီး အရွယ်ထဲကမွေးစားထားသူ အသက်၁၁ နှစ် အရွယ် ၅တန်းကျောင်းသူအား မွေးစားထားသူမှ အကြိမ်ကြိမ်မုဒိမ်းပြုကျင့်နေခဲ့ရာ ဧပြီ ၁၈ရက်နေ့က (၇) ကြိမ်မြောက် ပြုကျင့်နေစဉ် မိန်းကလေး၏အဒေါ်ဖြစ်သူမှ တွေ့သွားပြီးနောက် အမှုတိုင်တန်းခဲ့သည်။

ပေါင်မြို့နယ်အလှပ်ကျေးရွာ ခင်တန်းပိုင်း နေ ဒေါ်စိုးမာ နှင့် မင်းဦးတို့လင်မယားက မ*****အား ၆ လသမီးထဲက မွေးစားထားသည်ဆိုသည်။ ၁၈ -၄ -၂၀၁၈ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါမိသားစုအိမ်သို့ အလည်သွားခဲ့သော မချိုစန်းသည် ထမင်းစားရန် အိမ်ပေါ်မီးဖိုခန်းသို့သွားနေစဉ် မင်းဦး ၃၀နှစ် (ဘ)ဦးလှသန်း ရေလုပ်သား မှ မxxxxအား အပေါ်မှတက်ခွပြီး ကာမဆက်ဆံနေကြောင်းတွေ့ရပြီး ခွေးမျိုးဟု အော်ဟစ်ကာ အစ်မဖြစ်သူအားခေါ်ယူပြသပြီး ရဲစခန်းသို့တိုင်တန်းခဲ့သည်။


မxxxxအား တရားလို ဖြစ်သူ မချိုစန်းက မေးမြန်းခဲ့စဉ် မင်းဦးသည် ယခုနှစ်ဇွန်လ ကတည်းက မိမိကိုအလိုမတူပဲ သားမယားပြုကျင့်နေခဲ့သည်မှာ ၇ ကြိမ်ရှိပြီဟု ပြန်ပြော၍သိရကြောင်း ရဲစခန်းတိုင်ချက်တွင်မချိုစန်းက ပြောဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ပေါင်ရဲစခန်းမှ (ပ)၁၉၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့်ထားပြီး ရဲအုပ်သန်းဝင်းက စစ်ဆေးနေကြောင်းသိရသည်။

သတင်းရင်းမြစ် - Paung Daliy
 



Follow us on