1. Home
  2. Boxing

ကမ္ဘာ့အသက်အငယ်ဆုံး နပမ်းချံပီယံဖြစ်ခဲ့တဲ့ ၁၀ နှစ်သားကလေးငယ်

Boxing เม.ย. 10, 2561 view 1,712

ဧပြီလ ၈ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ “WrestleMania” ရဲ့ နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင်ရတဲ့ နပမ်းအစီစဉ်မှာ အဆိုပါပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးက မမျှော်လင့်ပဲ ချံပီယံတစ်ဦး ဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်ငယ်ဆုံး နပန်းချံပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


ဧပြီလ ၈ ရက်နေ့ နယူးအိုလန်မှာ ပြုလုပ်တဲ့ Mercedes-Benz Superdome ခေါင်းစဉ်အောက်မှာ နပမ်းသမားများ နှစ်ယောက်တစ်တွဲ စိန်ခေါ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
တစ်ချီမှာတော့ နပန်းသမားတစ်ဦးဖြစ်တဲ့ Braun Strowman က သူနဲ့အတူတွဲပြီး ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ Sheamus နဲ့ Cesaro ကို ယှဉ်ပြိုင်ဖို့ ပရိသတ်ထဲကတစ်ဦးကို ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ပွဲခင်းထဲက အသက် ၁၀ နှစ်သာရှိသေးတဲ့ Nicholas က လက်ထောင်ပြပြီး အတူတွဲယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းထဲ ဝင်ခဲ့ပါတယ်။ Strowman က Nicholas ကို သူ့ရဲ့တွဲဖက်အဖော်အဖြစ် လက်ခံလိုက်ပြီး ပြိုင်ဘက်နှစ်ဦးကို စတင်ရင်ဆိုလိုက်ပါတယ်။

ဒါပေမယ့် Strowman က Nicholas ကို လိုအပ်တဲ့အခါ လက်ချင်းရိုက်ဖို့အတွက်  ကြိုးဝိုင်းအပြင်မှာသာ နေစေခဲ့ပါတယ်။ စ,စချင်းမှာ Strowman ကပြိုင်ဖက် Cesaro ကို ကြိုးဝိုင်းအပြင်ဘက်ကို လွှင့်ပစ်ခဲ့ပြီး နောက်ထပ်ဝင်လာတဲ့ ပြိုင်ဘက် Sheamus ကိုပါ အနိုင်ယူခဲ့တာကြောင့် ပွဲမှာအနိုင်ရကာ ချံပီယံခါးပတ်ဆုကို ၁၀ နှစ်သားလေး Nicholas နဲ့ အတူရရှိခဲ့ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် လူကြမ်းကြီးတွေ တဝုန်းဝုန်းတွန်းလှဲ ကိုင်ပေါက်ပြီး ယှဉ်ပြိုင်ရတဲ့ ကြိုးဝိုင်းထဲကို ဝင်လာရဲတဲ့ သတ္တိရှိတာကြောင့် Nicholas အတွက် ချံပီယံခါးပတ်က ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။
 



Follow us on