1. Home
  2. Walk With Music

Walk With Music (Episode 204) | ပျော်ရွှင်စရာတနင်္လာ

Walk With Music ก.ค. 17, 2558 view 1,611

Guy Sebastian ● Come Home With Me

Guy Sebastian ဟာ Australian တေးရေး၊တေးဆို တစ်ဦးဖြစ်ပြီး သမိုင်းဝင် ဂီတအနုပညာရှင်တစ်ဦးလို့လည်း ပြောလို့ရပါတယ်။ သူရဲ့ ဂီတခရီးလမ်းဟာ Australia Idol မှာ ပထမဆုရခြင်းဖြင့်စတင်ခဲ့ပါတယ်။ သူဟာ album ၈ခုထုတ်ထားပြီး Platinum ဆု ၅၀ရရှိထားပြီး အခြားဆုတွေလည်း ဖော်ပြလို့မနိုင်အောင်ကို ရရှိထားတဲ့အပြင် Brand တွေအများကြီးရဲ့ Ambassador လည်းဖြစ်ပါတယ်။ အခုဖွင့်ပြမှာကတော့ album ၈ခုထဲက Madness ဆိုတဲ့ albumထဲက သီချင်းကို ဖွင့်ပြမှာဖြစ်ပါတယ်။ အခုသီချင်းဟာ Billboard Hot track နံပါတ် ၄နေရာကိုရရှိခဲ့ပါတယ်။ 

-

Train ● Cadillac

American Rock အဖွဲ့ Train ရဲ့ ခုနစ်ခုမြောက်ထွက်ရှိထားတဲ့ Bulletproof Picasa အခွေထဲက Cadillac ဖြစ်ပါတယ်။ သူတို့ အဖွဲ့ drum သမားထွက်သွားလို့ ၂၀၀၆ ခုနစ်ကစပြီး အခွေမထွက်ဖြစ်တာ အခု ၂၀၁၄-၂၀၁၅ မှာမှ ပြန်ထွက်ဖြစ်တာဖြစ်ပါတယ်။  

-

The Script ● Man On A Wire 

တတိယတစ်ပုဒ်နေနဲ့တော့ The Script အဖွဲ့ရဲ့ Man On A Wire ကိုဖွင့်ပြမှာဖြစ်ပါတယ်။ ဒီသီချင်းက No Sound Without Silence ဆိုတဲ့ album ထဲမှာပါဝင်ပါတယ်။ UK Album Official Charts မှာနံပါတ် ၁နေရာရရှိခဲ့ပြီး US Billboard Hot 200 မှာ နံပါတ် 10 ကိုရောက်ရှိနေပါတယ်။ 

-

Ariana Grande ● Love Me Harder 

Ariana Grande ရဲ့ My everything album ထဲက The Weekend ပါဝင်သီဆိုထားတဲ့ Love me Harder ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်။ အဲ့သီချင်းဟာ Billboard Hot 100 ထဲမှာ နံပါတ် ၇ ချိတ်ခဲ့ပြီး ဝေဖန်သူတွေက My Everything တစ်ခွေလုံးမှာ အကောင်းဆုံး သီချင်းလို့ သတ်မှတ်ပေးခဲ့ပါတယ်။ 

-

Meghan Trainor ● All About That Bass 

All about that bass နဲ့နာမည်ကြီးလာတဲ့ အဆိုတော် Meghan Trainor ရဲ့ Title ဆိုတဲ့အခွေထဲက Lips are moving ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ US Hot 100 မှာ နံပါတ် ၈နေရာရခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ နားဆင်ကြည့်ပါအုံး။  

▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪

 



Follow us on